နေထိုင်ခွင့်ကတ်လုပ်ပေးမည်ဆိုကာ မြန်မာများထံမှ ငွေကောက်ခံနေသည့်ပွဲစားကို ထိုင်းရဲလာတား
diz_admin
March 27, 2023မဲဆောက်မြို့တွင် နေထိုင်ခွင့်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်ငွေငါးသိန်း ထက်မနည်း ကြိုတင်ငွေကောက်ခံထားသော မြန်မာပွဲစားတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက လာရောက် ဟန့်တားကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုချာလီဟုလူသိများသည့် ပွဲစားသည် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၇၀၀ ကျော်စီ ငွေကြိုတင် တောင်းယူထားကြောင်း ၎င်းတို့က ပြောသည်။ ယခုရက်ပိုင်းအတွင်းပင် အလုပ်သမားသုံးရာကျော်ထံမှ စုစုပေါင်း ဘတ်ငွေ ငါးသိန်းကျော် တောင်းယူထားပြီး ဖြစ်ကြောင်း မဲဆောက်တွင် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။ ကြိုတင်ငွေ ပေးထားရသည့် မြန်မာအလုပ်သမားများအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ ယင်းသို့ လုပ်ဆောင်ခြင်းမှာ တရားမဝင်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကတို့က မြန်မာပွဲစားကို ယနေ့ လာရောက်တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တရားမဝင်ဘူးဆိုပြီးတော့ လာနားခိုင်းလိုက်တာ။ ဖမ်းသွားလား […]