မျှတသော တရားစစ်ဆေးစီရင်ခြင်းဆိုင်ရာအခွင့်အရေးများ
diz_admin
April 6, 2023ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူမှာ ဘယ်သောအခါမှ အပြစ်မရှိပါဘူး။ ကျူးလွန်ခံရသူ (နစ်နာသူ) အပေါ် အပြစ်တင်ခြင်း၊ ကျူးလွန်ခံရသူရဲ့အပြစ်သာ ဖြစ်ခြင်းဆိုတာတွေကို ဆန့်ကျင်တွန်းလှန်ပစ်ရပါမယ်။ လူတိုင်းမှာ အကြမ်းဖက်မှု ကင်းစင်တဲ့ ဘဝတစ်ရပ် ထူထောင်ပိုင်ခွင့်ရှိပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ အီလက်ထရောနစ်စက်ရုံမှ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့်ဝင်လာသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို ယမန်နေ့ (မတ် ၃၀)က စာချုပ်ဖျက်သိမ်းခဲ့ပြီး အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ စက်ရုံသည် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ Cal-Comp Electronics စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၆၀ ဦးကို နစ်နာကြေးအနည်းငယ်သာပေး၍ အလုပ်မှ ရုတ်တရက်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်ထုတ်ခံရသော အလုပ်သမားအများစုသည် မြန်မာအေဂျင်စီများနှင့် တရားဝင်စာချုပ်ချုပ်ကာ MOU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများ ဖြစ်ကြပြီး လုပ်သက် ၁ နှစ်ကျော်နှင့် ၁ နှစ်အောက်၊ ၂ လ၊ ၃ လ သာရှိသေးသော အလုပ်သမားများဖြစ်ကြကြောင်း သိရသည်။ “ကျွန်တော်တို့က အမှန်တရားဘက်က လိုချင်တာပါ။ ၂ လ ၃ လသမားလေးတွေ ထုတ်လိုက်တော့အစ်ကိုရာ။ လာတဲ့ စရိတ်တောင် မကျေသေးတဲ့လူတွေလေ။ […]
လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်သလို အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ဘယ်လိုကာကွယ်တားဆီးကြပါမလဲ……………
ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားများကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့် ပေးထားရာမှ လာမည့် ဧပြီလ ၁ ရက်ကစပြီး ၁၄ ရက်သာပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စမ်းသပ်ကာလ ကုန်ဆုံးမည်ဖြစ်သည်။ ယခင်က ခွင့်ပြုပေးထားခဲ့အတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ နေထိုင်ခွင့်ကိုသာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။ “ထိုင်းအစိုးရ ဆုံးဖြတ်ချက်ပါရှင့်။ ၄၅ ရက်က စမ်းသပ်ကာလအနေနဲ့ လပိုင်းပဲ ပေးတာပါ။ အဲ့ဒါကို ဆက်မပေးတော့ဘဲ ဖြုတ်လိုက်တာပါ” ဟု […]
စစ်သားတွေ ရာဇဝတ်မှု ကျူးလွန်တဲ့အခါ အရပ်ဖက်တရားရုံးနဲ့ မစီရင်ဘဲ စစ်အုပ်ချုပ်ရေး တရားရုံးက ကိုင်တွယ်ကြပါတယ်။ စစ်အုပ်ချုပ်ရေး တရားရုံးရဲ့ စီရင်ချက်တွေက မျှတမှုရှိပါသလား…. တရားသူကြီး ဒေါ်ဇီးကွက်ရဲ့ ဒီဇာတ်လမ်းမှာရော ဘာတွေဖြစ်သွားပါသလဲ………
သက်ငယ်မုဒိမ်းမှုတွေရဲ့ ရာခိုင်နှုန်းအများစုက မုဒိမ်းကျင့်ခံရသူနဲ့ ရင်းနှီးသိရှိသူတွေ၊ ဆွေမျိုးရင်းချာတွေ ဖြစ်တာ များပါတယ်။ ဘယ်လိုပဲ ဆွေမျိုးနီးစပ်တော်နေပေမယ့် မတရားခံရတာကို ငြိမ်ခံမနေဘဲ တိုင်တန်းမှသာ ကိုယ့်လိုခံရသူတွေ ထပ်ပေါ်မလာတော့မှာ။ ဒီဇာတ်လမ်းမှာ တူမတွေကို မုဒိမ်းပြုကျင့်ခဲ့တာ သိသွားတဲ့ အဒေါ်က ဘယ်လိုဆုံးဖြတ်မလဲ………. ဘာတွေ ဆက်ဖြစ်မလဲ……..ဆိုတာ ကြည့်ရှုလိုက်ပါဦး……..
ကျေးလက်ဒေသတွေမှာ မသိနားမလည်သူတွေကို ငွေကြေးပြည့်စုံသူတွေက နိုင်ထက်စီးနင်း ပြုလုပ်နေကြတဲ့ အထဲမှာ သက်ငယ်မုဒိမ်းမှုကို လျော်ကြေးပေးကျေအေးစေတာလည်း တစ်ခုအပါအဝင်ပါပဲ။ သက်ငယ်မုဒိမ်းမှုကို ကျေအေးလို့ရပါသလား….. စာရှုသူကကော ဘယ်လိုမြင်ပါသလဲ… သက်ငယ်မုဒိမ်းမှုကို တရားသူကြီး ဒေါ်ဇီးကွက်က ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကို ကြည့်ရှုလိုက်ပါ။