မဲဆောက်တွင် မြန်မာလုံခြုံရေးဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
diz_admin
April 17, 2023ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Resort တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညဘက်လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ယနေ့ ဧပြီလ ၁၇ရက် နံနက် ၅ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ အသက် ၄၂နှစ်အရွယ် မြန်မာအလုပ်သမား သေဆုံးသွားကြောင်း ရေးသားထားသည်။ အဆိုပါ Resort ရှေ့သို့ ခေါင်းစွပ် စွပ်ကာ နှာခေါင်းစည်းတပ်ထားသည် လူငယ်နှစ်ဦး ရောက်ရှိလာပြီး မြန်မာ အမျိုးသမီးတစ်ဦး၏အမည်ကို ထုတ်ပြောကာ ပေးတွေ့ရန် မြန်မာဘာသာစကားဖြင့်ပြောဆိုကြောင်း ဖော်ပြသည်။ တွေ့ခွင့်မရလျှင် အားလုံးကို ပစ်သတ်မည်ဟုလည်း အော်ဟစ်ခြိမ်းခြောက်ပြောဆိုသည်ကြောင်း သေဆုံးသူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ရေးသားထားသည်။ မြန်မာအလုပ်သမားက […]