နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်
diz_admin
January 30, 2023ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးတင်အောင်က စခန်းသို့ လာရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၂ရက်မှ ၁၅ ရက်အတွင်း အပြီးပို့ဆောင်ပေးမည်ဟု သံအရာရှိက ကတိပေးသဖြင့် ဆန္ဒပြမှုကို ဆွေးနွေးမှုအပြီးတွင် စတင်ရပ်လိုက်ခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများထံမှ သိရသည်။ စုဝေးဆန္ဒပြတောင်းဆိုနေသည့်နေရာမှ ယခင်နေထိုင်ခဲ့သည့် အခန်းများသို့ မြန်မာများရောက်ရှိသွားကြပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “အခု ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂၀၀ ပို့ပေးမယ်။ တစ်သုတ်ပို့ပြီး ကျန်နေတဲ့သူတွေကို နှစ်ပတ်အတွင်း အကုန်ပို့ပေး မယ်။ […]