BREAKING
January 27, 2025

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက် ညဈေးတန်းတွင် ဈေးရောင်းနေသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

diz_admin

February 8, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နာမည်ကြီးညဈေးတန်းဖြစ်သော ခေါက်စန်လမ်းတွင် တရားမဝင်ဈေးရောင်းချနေ သော မြန်မာအလုပ်သမား ၁၁ဦး ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာများသည် roti နှင့် kebab စသော မုန့်များကို ရောင်းချနေကြခြင်းဖြစ်သည်။ တရားမဝင် ဈေးရောင်းနေသည်ဆိုသည့် တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် ထိုင်းလဝကရဲအရာရှိများသည် ခရီးသွားများပုံစံဖြင့် ဈေးဝယ်သကဲ့သို့ ဟန်ဆောင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများကို စစ်ဆေးရာ မြန်မာဈေးသည်အချို့မှာ ဈေးလှည်းကိုထားကာ ထွက်ပြေးကြသဖြင့် ၁၁ ဦးကိုသာ ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၁၁ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ မပြသနိုင်ကြကြောင်း ဆက်လက်ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ဈေးရောင်းချခွင့်မှာ ထိုင်းနိုင်ငံသားများသာ […]

ထိုင်းရောက်အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေ

diz_admin

February 8, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ရောက်ရှိနေသာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံပြန်ခွင့်မရသဖြင့် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံသား စောအောင်ထွန်းသိန်းမှာ ၎င်းနေထိုင်ရာ တိုက်ခန်းဝရံတာတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြိုးဆွဲချကာ သတ်သေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သမီးဖြစ်သူနှင့်အတူ စမွတ်ပရကန်ခရိုင် ဘန်ဖလိဒေသ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူ အလုပ်မှပြန်လာချိန် ည ၈ နာရီခွဲခန့်တွင် ကြိုးဆွဲချ သေဆုံးလျက်ရှိနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စောအောင်ထွန်းသိန်းမှာ အေးဆေးတည်ငြိမ်သူဖြစ်ပြီး လအတော်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ကြောင်း သိရသည်။ ၎င်းမှာ အခန်းအပြင်ဘက် ဝရံတာပေါ်မှ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် ဒူးကွေးထားကာ လက်နှစ်ဖက်စလုံးကိုလည်း ကြိုးဖြင့် ချည်ထားကြောင်း၊ ပြင်ပဒဏ်ရာရရှိထားခြင်းမျိုး မတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ […]

ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

diz_admin

February 7, 2023

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင် Lwin Yati Hnin May အမည်သုံးထားသည့် အကောက်တုဖြင့် လိမ်လည်ခြင်းဖြစ်သည်ဟု ဆိုသည်။ လုပ်ခလစာမက်လုံးအပြင် အခြားခံစားခွင့်များဖြင့် ဆွဲဆောင်ထားသော NGO အလုပ်တစ်ခုကို မြန်မာများလာရောက် လျှောက်ထားရန် ဇန်နဝါရီလ လကုန်ရက်များတွင် ယင်းဂရုထဲ အဆိုပါအကောင့်တုဖြင့် ရေးသားလာခဲ့ခြင်း ဖြစ်သည်။ အခြေခံလစာ ဘတ် ၁၇၀၀ဝမှ စတင်ရရှိမည်ဖြစ်ပြီး အသက် ၁၈နှစ်အထက်ရှိသော မြန်မာများကို အလုပ်လျှောက်လွှာ ခေါ်ယူခဲ့ပြီး လျှောက်ထားခအနေဖြင့် ဘတ် ၂၅၀ ကြိုတင်ကာ ကောက်ခံခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် […]

ထိုင်းတွင် တစ်နှစ်ခွဲအရွယ်မြန်မာကလေးငယ် တစ်ပေအကျယ်ရှိရေတွင်းပေါက်ထဲပြုတ်ကျ၊ အသက်ကယ်နိုင်ခဲ့

diz_admin

February 7, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရဒေသတွင် အသက် ၁ နှစ်နှင့် ၇ လအရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရေတွင်းပေါက်ထဲ ပြုတ်ကျသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရေတွင်းပေါက်မှ အကျယ်တစ်ပေသာရှိပြီး ပေ ၁၃၀ကျော် အနက်ရှိသည်ဟု ဆိုသည်။ ကလေးငယ်မှာ ဖေဖော်ဝါရီလ ၆ရက် ညနေ ၅ နာရီခန့်တွင် ကျဉ်းမြောင်းသည့် ရေတွင်းပေါက်ထဲ ပြုတ်ကျခြင်းဖြစ်ပြီး အနက် ပေ ၅၀ ခန့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့အစည်းများက ရေတွင်းပေါက်ကို ၁၆ နာရီကြာ ဆက်တိုက်တူးဖော်ပြီးနောက် ကလေးငယ်၏ ငိုသံကို စတင်ကြားရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူမှာလည်း ငိုကြွေးနေခဲ့ကြောင်း ရေးသားထားသည်။ […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

diz_admin

February 6, 2023

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၅ဦးနှင့် အမျိုးသမီး ၁၄ဦးတို့ပါဝင်နေပြီး နယ်စပ်တောလမ်းကြောင်းတစ်လျှောက် ခြေလျင်လျှောက်လာခဲ့ကာ တောအုပ်ထဲတွင် ပုန်းနေရာမှ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မလေးရှားသို့သွားရောက်လုပ်ကိုင်ရန် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၄၅၀၀၀ အထိ (သိန်း ၄၀ ခန့်) အကုန် ပေးချေပြီးဖြစ်ရာ မြန်မာအလုပ်သမားအားလုံးအတွက် စုစုပေါင်း ဘတ် ၂၂ သိန်းကျော် (သိန်း ၂၀၀၀ ခန့်) ပေးချေခဲ့ရကြောင်း ဖော်ပြသည်။ မြန်မာပွဲစားနှင့် ချိတ်ဆက်ထားသည့် […]

ရနောင်းလဝကစခန်းတွင် ဆန္ဒပြတောင်းဆိုသည့်မြန်မာခြောက်ရာကျော်ကို နေရပ်ပြန်ပို့ပြီ

diz_admin

February 2, 2023

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်းသိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသား ၅၄၀ဦးနှင့် အမျိုးသမီး ၁၃၈ဦး စုစုပေါင်း ၆၇၈ဦး ကော့သောင်းဘက်သို့ ရောက်ရှိလာကြောင်း နေရပ်ပြန်ပို့သူများကို လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်များ အဖွဲ့ထံမှ သိရသည်။ မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်မှ တာဝန်ရှိသူများက စက်လှေ လေးစီးဖြင့် လာရောက်ခေါ်ယူခဲ့ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ရနောင်းလဝက စခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံဘက်က အရေအတွက်အကန့်သတ်ဖြင့်သာ လက်ခံနေခြင်း၊ […]

ထိုင်း ကော့စမွေကျွန်းတွင် လှိုင်းပုတ်ခံရပြီး ပျောက်ဆုံးသွားသော မြန်မာလုပ်သားအလောင်းပြန်တွေ့

diz_admin

February 1, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Viewpoint တစ်နေရာတွင် လှိုင်းပုတ်ခံရပြီး ၂ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြသည်။ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသားသုံးဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ကော့စမွေကျွန်းရှိ ကော့လတ် Viewpoint သို့ ရောက်ရှိလာခဲ့ပြီး အောက်ရှိကျောက်တုံးများရှိရာ နေရာသို့ ဆင်းသွားခဲ့ကြောင်း ရေးသားထားသည်။ ယင်းနေရာမှာ လှိုင်းလုံးကြီးများ မကြာခဏတက်လေ့ရှိသဖြင့် လုံခြုံရေးဝန်ထမ်းက သတိပေးနေသည့်ကြားက အောက်သို့ဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာသုံးဦးသည် ကျောက်တုံးများရှိရာ အောက်သို့ဆင်းလာကာ အရက်သောက်နေပုံပေါ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ယင်းအနက် ကျောက်တုံးပေါ်တစ်ဦးတည်းထိုင်နေသော မြန်မာအလုပ်သမားတစ်ဦး လှိုင်းပုတ်ခံရပြီးနောက် ပင်လယ်ထဲ မျောပါသွားကာ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ ယင်းသို့ မျောပါသွားသူကို […]

ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ

diz_admin

January 31, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခန့်တွင် မြန်မာမိန်းကလေးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စမွတ်ပရကန်ခရိုင် စာခလာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာမိန်းကလေး၏ သက်သေထွက်ဆိုမှုအရ CCTV ကင်မရာများမှတစ်ဆင့် ကျူးလွန်သူ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသားကို ခြေရာခံလိုက်လံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီခန့်တွင် နေအိမ်အတွင်း ဖမ်းမိခဲ့ ကြောင်း ရေးသားထားသည်။ အဆိုပါထိုင်းနိုင်ငံသားသည် အလုပ်လျှောက်ပေးမည်ဟုဆိုကာ မြန်မာမိန်းကလေးအား ဝတ်ခေါင်စန်ဘုန်းကြီးကျောင်း ရှေ့တွင် ကားဖြင့် လာရောက်ကြိုခဲ့ပြီးနောက် မြေကွက်လပ်တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။ ထို့နောက် မြန်မာမိန်းကလေးကို […]