BREAKING
April 22, 2025

ရွှေ့ပြောင်းလုပ်သား

ကိုယ်ဝန်ဆောင်မြန်မာတစ်ဦး ဗိုက်နာ၍ ဆေးရုံလာပြရာ သန်လုံးကောင်ကြီး အန်ချ

Dawei Watch

June 2, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကိုယ်ဝန် ၃၂ ပတ်ရှိပြီဖြစ်သော မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာသဖြင့် ဆေးရုံလာပြခဲ့ရာမှ သန်လုံးကောင်ကြီးအန်ချကြောင်း ဒွန်းစက်ဆေးရုံက ထုတ်ပြန်သည်။ အသက် ၂၇နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်အလွန်နာလာပြီးနောက် ငါးကြိမ်အထိ ပျို့အန်သဖြင့် နောက်တစ်ရက်တွင် ဒွန်းစက်ဆေးရုံသို့ လာရောက်ပြသကြောင်း မေလ ၃၁ ရက်က ထုတ်ပြန်ထားသည့် ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆေးရုံတက်ရောက်စေပြီး ကုသနေချိန် နှစ်ကြိမ်ပျို့အန်ရာ အရှည် ၁၀ နှင့် ၁၅ စင်တီမီတာအထိရှိကြသော သန်လုံးကောင် နှစ်ကောင်ကို အန်ချကြောင်း ဆိုသည်။ လူနာအားမေးမြန်းရာတွင် အသားများကို ကျက်အောင်ချက်ပြုတ်စားသောက်သော်လည်း ဟင်းသီးဟင်းရွက်များကို အစိမ်းစားလေ့ရှိသည်ဟုဖြေကြားကြောင်း ဖော်ပြပါရှိသည်။ အသားကို အစိမ်းမစားဘဲ ကျက်အောင်ချက်စားကြောင်း အဓိပ္ပါယ်ရသည့် “အစစ်တေပဲ့စားဟယ်။ အစိမ်းတွေမစားဟ” ဟု မြိတ်ဒေသအသံဖြင့် ထိုင်းသတင်းဌာနဖြစ်သော […]

ထိုင်းတွင် မောင်းပြေးရာမှ ကားတိမ်းမှောက်၊ မြန်မာလုပ်သားတစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ

Dawei Watch

June 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ပစ်ကပ်ကားတစ်စီးသည် မြောင်းထဲထိုးကျ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ မေလ ၃၁ရက် ည ၉နာရီခွဲတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နောလူအရပ်တွင် ကားတိမ်းမှောက်ခြင်း ဖြစ်သည်။ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ကားဖြင့် ခေါ်ယူလာနေသည်ဟု သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှောင်ထဲတွင် ပစ်ကပ်ကား သုံးစီး အရှိန်ဖြင့်မောင်းနှင်လာကြောင်း ရေးသားထားသည်။ ရပ်တန့်စစ်ဆေးခံရန် ကားများကို အချက်ပြသော်လည်း အစစ်ဆေးမခံဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်ကာ ထွက်ပြေးသွားကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရပြီး အရေးပေါ်ဆေးကုသရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြသည်။ ယင်းနောက် ပစ်ကပ်ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်နေသည်ဟု ထပ်မံသတင်းပေးလာသဖြင့် […]

အယုဒ္ဓယတွင် မြန်မာလုပ်သားများပါသောကား တိမ်းမှောက်မီးလောင်မှုကြောင့် လေးဦးသေဆုံး

Dawei Watch

June 1, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ဗန်ကားတစ်စီး တိမ်းမှောက်ကာ မီးလောင်ပေါက်ကွဲသဖြင့် အနည်းဆုံးလေးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်သည်။ ဘန့်ပအင်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ရဲစစ်ဆေးရေးဂိတ်ကိုတွေ့သဖြင့် အဆိုပါကားမှာ အရှိန်ဖြင့်မောင်းနှင် ထွက်ပြေးရာမှ ယနေ့ ဇွန်လ ၁ရက် နံနက် (မေလ ၃၁ရက် ညသန်းခေါင်ကျော် ၁၂နာရီခွဲခန့်) က ပက်လက်လန်တိမ်းမှောက်ပြီးနောက် မီးလောင်ပေါက်ကွဲကြောင်း ဖော်ပြသည်။ မီးလောင်ပေါက်ကွဲမှုကြောင့် ကားထဲတွင် လေးဦးသေဆုံးနေပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကျန်တစ်ဦးမှာ ကျား/မ မခွဲခြားနိုင်သေးကြောင်း သတင်းများတွင် ရေးသားထားသည်။ ကား၏ အပြင်ဘက်တွင် မြန်မာအလုပ်သမား ခြောက်ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ကြရပြီး သုံးဦးကို ဝမ်းနွိုင်းဆေးရုံ၊ ကျန်သုံးဦးကို ဘန့်ပအင်းဆေးရုံသို့ […]

ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေ ပညာရေးမဆုံးရှုံးစေဖို့

Dawei Watch

May 31, 2023

ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။ ရွှေ့ပြောင်းလာသူတွေထဲမှာ ကလေးငယ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

ထိုင်းတွင် သက်တမ်းကုန် MoU မြန်မာလုပ်သားများ ဇူလိုင် ၃၁ အထိ နေထိုင်လုပ်ကိုင်ခွင့်ရ

Dawei Watch

May 31, 2023

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရသဘောတူညီချက် MOU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လာမည့်ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား သုံးနိုင်ငံက MoU စနစ်ဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ကို အစိုးရအသစ်ဖွဲ့နိုင်သည့်အချိန်အထိ ၎င်းတို့၏ စာချုပ်သက်တမ်းကို ထပ်တိုးနေထိုင်ခွင့်ပြုကြောင်း ဒုဝန်ကြီးချုပ် Wissanu Krea-ngam က ဆိုသည်။ သက်တမ်းကုန် MoU ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ်ကိုင်ခွင့် ထပ်မံသက်တမ်းတိုးပေးရန် အလုပ်သမား ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အစိုးရအဖွဲ့က ယခင်က ငြင်းဆန်ထားသော်လည်း မေလ ၃၀ ရက်နေ့ အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်ကို နှစ်လသာ […]

ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေ ပညာရေးမဆုံးရှုံးစေဖို့

Dawei Watch

May 30, 2023

ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။ ရွှေ့ပြောင်းလာသူတွေထဲမှာ ကလေးငယ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

ထိုင်းတွင် မြန်မာလုပ်သား ၁၈ဝခန့် ဘတ်သုံးသိန်းခွဲကျော် လိမ်လည်ခံရ

Dawei Watch

May 30, 2023

အလုပ်သွင်းပေးမည်၊ ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ်သစ် ပြုလုပ်ပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားပွဲစားများက မြန်မာအလုပ်သမားများထံမှ ဘတ်ငွေသုံးသိန်းခွဲကျော် လိမ်လည်သွားကြောင်း အလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် ရန်စစ်ဒေသရှိ စက်ရုံတစ်ရုံတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားများက ပြောဆိုကြောင်း အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။ ထိုင်းပွဲစားများသည် အဖွဲ့လိုက် လုပ်ဆောင်ကာ မြန်မာအလုပ်သမားကို လိမ်လည်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မြန်မာအလုပ်သမားများတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသူများ၊ အထောက်အထား မရှိသေးသူများ စုစုပေါင်း ၁၈၀ ခန့် လိမ်လည်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်အလုပ်သမားများ နောက်စက်ရုံတွင် အလုပ်ဆက်လုပ်ကိုင်နိုင်ရန်၊ အထောက်အထား မရှိသေးသောသူများ ပန်းရောင်ဘတ်အသစ်ရိုက်ပြီး စက်ရုံတစ်ခုတွင် အလုပ်သွင်းပေးရန်ဟုဆိုကာ ထိုင်းအလုပ်ပွဲစားများက ငွေကြိုတင်ကောက်ခံထားကြောင်း အလုပ်သမားများက […]

ကန်ချနဘူရီတွင် အရှိန်ဖြင့်မောင်းပြေးသည့်ကားပေါ်က မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 29, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမပေါ်တွင် အရှိန်ဖြင့်မောင်းပြေးသွားသော ကားပေါ်က တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို မေလ ၂၈ ရက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထို့ဖာ့ဖမ်း-စိုင်ယွတ် အမြန်လမ်းမပေါ်တွင် SUV အိမ်စီးကားတစ်စီးသည် အစစ်ဆေးမခံဘဲ အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ၁၀ ကီလိုမီတာခန့်အကွာအထိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။ ကားတစ်စီးလုံး၏ မှန်များကို အပြင်က မမြင်နိုင်စေရန် အနက်ရောင်အပြားဖြင့် ကာထားပြီး ကားထဲတွင် မြန်မာအလုပ်သမား ၁၇ ဦးနှင့် ကျောပိုးအိတ်များကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် ဘတ်ငွေသုံးထောင် ရယူကာ မြန်မာအလုပ်သမားများကို ထို့ဖာ့ဖမ်းဒေသမှတစ်ဆင့် ကန်ချနဘူရီမြို့ထဲသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားက ထွက်ဆိုကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားတစ်ဦးကို […]