ဘန်ကောက်မြို့အနီးတွင် တရားမဝင် မြန်မာလုပ်သား ၁၄ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ
Dawei Watch
June 12, 2023ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ပို့ဆောင်နေသော ပွဲစား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသ ဘန့်ပလားလမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို မြန်မာပွဲစားများက နေရာထိုင်ခင်းပြုလုပ်ပေးခြင်း၊ အလုပ်ရှာပေးခြင်းနှင့် သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးနေခြင်းတို့ လုပ်ဆောင်နေကြောင်းကို သိရှိရသဖြင့် ထိုင်းရဲများက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်နေ့တွင် ဘန်ပလားလမ်း၌ မြန်မာအလုပ်သမားများကို အိမ်စီးကား၊ အငှားယာဉ်များဖြင့် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် စမွတ်ပရကန် ရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများကို စစ်ဆေးရာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်စာတမ်းများ မတွေ့ရှိရဟုဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများမှာ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူခံရမည်ဖြစ်ပြီး ပွဲစားများကိုမူ မြန်မာအလုပ်သမားများကို ကူညီပို့ဆောင်ပေးမှုများဖြင့် […]