စားနပ်ရိက္ခာ အကျပ်အတည်း
Dawei Watch
June 30, 2023ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ CI စာအုပ်(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရေးစခန်းများကို အချိန်မမီလိုက်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ CI စာအုပ် ထုတ်ပေးသော စခန်းများကို မေလလယ်တွင် နောက်ဆုံးထားဖွင့်လှစ်ခဲ့ပြီးနောက် ပြုလုပ်ရန် အချိန်မမီလိုက်သော မြန်မာအလုပ်သမားများ ရှိနေသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံအရာရှိရုံးမှ သိရသည်။ သို့သော်လည်း ပြန်လည်ဖွင့်လှစ်ပေးမည့် နေ့ရက်၊ နေရာ၊ လုပ်ငန်းစဉ် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဘဲ မကြာမီ ထုတ်ပြန်ပေးသွားမည်ဟုသာ သံအရာရှိရုံးထံမှ သိရသည်။ “ကျွန်တော်တို့ ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ အလုပ်သမားတွေ ကျန်နေတဲ့ဟာ ဆက်လုပ်ပေးဖို့လေ။ ကျွန်တော်ပြောနိုင်တာ အဲဒါလေးပါပဲနော်။ ဘယ်ရက်ဆိုတာကလည်း ကျွန်တော်တို့တိတိကျကျ ပြန်ထုတ်ပြန်ပါ့မယ်နော်” ဟု ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိက ဖြေကြားသည်။ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးနိုင်ရန် လျှောက်ထားသော မြန်မာအလုပ်သမားများကို ကနဦးတွင် မေလ ၁၅ […]
မြန်မာပွဲစားက အထောက်အထား မလုပ်ပေးဘဲ လိမ်သွားသောကြောင့် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဇွန်လ ၂၈ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရကြောင်း လိုက်ပါဆောင်ရွက်ပေးနေသော အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွန်းမြို့ရှိ ဆောက်လုပ်ရေ လုပ်ငန်းခွင်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးပြီး အမှန်အကန်ပို့ဆောင်ပေးမည်ဟု မြန်မာပွဲစားက ဆိုသဖြင့် နိုင်ငံကူးလက်မှတ် (PJ စာအုပ်) ပြုလုပ်ရန်အတွက် ကျပ် ၁၇ သိန်းနှင့် ထိုင်းလာသော လမ်းစရိတ်အတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ၂၇ သိန်းကို ပွဲစားထံ ပေးချေခဲ့ရကြောင်း သိရသည်။ သို့သော် အလိမ်ခံလိုက်ရပြီး နိုင်ငံကူးလက်မှတ် (PJ စာအုပ်) အတွင်း ဗီဇာမရှိဘဲရောက်ရှိလာသူများ ဖြစ်ကြောင်း အကူအညီပေးနေသူကဆိုသည်။ ပွဲစားက ထိုင်းနိုင်ငံသို့ […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် ညနေစာအတွက် ချောင်းထဲ ဟင်းစားဆင်းရှာရာမှ ရေနစ်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၄၁ နှစ်အရွယ် ဦးစောမောင်နိုးအမည်ရှိသော မြန်မာအလုပ်သမားသည် ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းတွင် စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသတွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့က ကနဦးစစ်ဆေးချက်အရ အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရကြောင်း ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံမှ လာရောက်သည်မှာ မကြာသေးသူဖြစ်ပြီး အလုပ်လိုက်လျှောက်သော်လည်း လက်မခံကြ သဖြင့် အလုပ်လက်မဲ့ဖြစ်နေကြောင်း ညီဖြစ်သူ၏ ဖြေကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ဦးစောမောင်နိုးသည် နေထိုင်ရန် နေရာမရှိသဖြင့် ညီဖြစ်သူထံတွင် လာရောက်နေထိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ ယင်းနေ့တွင် ဟင်းဝယ်ရန် ငွေမရှိသဖြင့် ညနေစာအတွက် ချောင်းထဲ ခရုနှင့် ကန်စွန်းရွက်ဆင်းရှာရန် […]
ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ ရတ်တဖူရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော ဆယ်ကျော်သက်အရွယ် မြန်မာအလုပ်သမား ၁၃ ဦးမှာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးခဲ့ကြပြီး ၁၂ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိန်းသိမ်းရေးစခန်းရှိ ဆယ်ကျော်သက် မြန်မာနိုင်ငံသား ၁၃ ဦးသည် နံနက် ၅ နာရီတွင် ရဲတပ်ဖွဲ့များ တာဝန်ပြောင်းချိန်၌ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများသည် အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်များဖြစ်ကြပြီး ဇွန်လ ၇ ရက်နေ့က စွန်ခရာခရိုင် ရတ်တဖူဒေသတွင် တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများကို လူကုန်ကူးခံရခြင်းရှိမရှိ စစ်ဆေးရန်အတွက် ရတ်တဖူရဲစခန်းရှိ အရာရှိအိမ်တစ်ဆောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တာဝန်ချိန် ရဲတပ်ဖွဲ့များ […]
ကရင်ပြည်နယ် မြဝတီမြို့နယ် လက်နက်ကိုင်နယ်မြေရှိ ကုမ္ပဏီတစ်ခုသို့ လူကုန်ကူးခံထားရသော အင်ဒိုနီးရှား နိုင်ငံသား ကိုးဦးကို ဇွန်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် နေရပ်ပြန်ပို့ ပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးသည် မြဝတီမြို့ရှိ လက်နက်ကိုင်နယ်မြေများတွင်း လူကုန်ကူးခံထားရပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများပြုလုပ်ရန် အတင်းအဓမ္မဖိအားပေး စေခိုင်းခံနေရကြောင်း ဖော်ပြထားသည်။ ၎င်းတို့သည် ကုမ္ပဏီအတွင်း ပိတ်မိနေသဖြင့် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ အကူညီပေးရန် တိုင်ကြားခဲ့ကြောင်း ဆိုသည်။ တိုင်ကြားမှု ရရှိခဲ့ပြီးနောက် သံရုံးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အင်ဒိုနီးရှားနိုင်ငံသားများကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့ လုပ်ကိုင်နေခဲ့သော ကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဆိုသော်လည်း ကယ်တင်ခဲ့သည့်အခြေအနေ အသေးစိတ်နှင့် ကယ်တင်နိုင်ခဲ့သည့် နေ့ရက်တို့ကို ထုတ်ပြန်ချက်တွင် […]
ထိုင်းနိုင်ငံ တရတ်ခရိုင်တွင် ထိုင်းနိုင်ငံသား၏ အိမ်ထဲခိုးဝင်ပြီး ချောင်းကြည့်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား တစ်ဦး ဇွန်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုအောင်မဲအမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရော်ဘာခြံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။ ထိုင်းအိမ်ရှင်က ၎င်းသည် ဇနီးနှစ်ဦးနှင့်အတူ အိမ်တွင်ရှိနေစဉ် မြန်မာအလုပ်သမားသည် အိမ်နောက်မှ ဝင်လာပြီး ချောင်းကြည့်နေကြောင်း သတင်းဌာနများသို့ ပြောဆိုထားသည်။ မြန်မာအလုပ်သမားကို ဖမ်းဆီးရန်အတွက် မီးဖွင့်၍ အနီးအနားက လူများကို ခေါ်ကာ အကူညီတောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ရောက်ရှိချိန်တွင် မြန်မာအလုပ်သမား၏ မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရထားသည်ကို တွေ့ရပြီး အနီးတွင်လည်း သွေးများကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် […]