BREAKING
April 22, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းနိုင်ငံတွင် မြန်မာလင်မယားနှစ်ဦး ရန်ဖြစ်ပြီး ကလေးငယ်ကို စတိုးဆိုင်ပိုင်ရှင်ထံ ထားခဲ့

Dawei Watch

July 6, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာလင်မယားနှစ်ဦးသည် အော်ဟစ်ရန်ဖြစ်ခဲ့ပြီးနောက် အမျိုးသားဖြစ်သူက ကလေးငယ်ကို “ငါ့ကလေးမဟုတ်ဘူး” ဟုဆိုကာ စတိုးဆိုင်ပိုင်ရှင်တစ်ဦးထံသို့ ထားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် အသက် ၃၀ အရွယ် မြန်မာလင်မယားနှစ်ဦးသည် စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသရှိ စတိုးဆိုင်အနီး ငှားထားသော တိုက်ခန်းမှ ဆင်းလာကာ အော်ဟစ်ကာ စကားများ ရန်ဖြစ်နေခဲ့ကြောင်း ဖော်ပြထားသည်။ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူသည် လမ်းကြားထဲမှတစ်ဆင့် ထွက်သွားခဲ့ကြောင်း ဖော်ပြထားသည်။ ကျန်ရစ်သောအမျိုးသားဖြစ်သူက စတိုးဆိုင်ပိုင်ရှင်ထံလာ၍ ငါ့ဇနီးကို ပြန်လိုချင်သည်ဟုဆိုကာ ၎င်း၏ဇနီးကို ဖွက်ပေးထားသည်အထင်ဖြင့် နားလည်မှုလွဲစွာ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းနောက် အမျိုးသားသည် တိုက်ခန်းသို့ ပြန်တက်သွားကာ ကလေးငယ်ကို ချီလာခဲ့ပြီး “ဒါ ငါ့ကလေးမဟုတ်ဘူး” […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

July 5, 2023

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၂၀ ဦး ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ဇူလိုင်လ ၄ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် စဒေါင်းဒေသရှိ စွန့်ပစ်ထားသော နေအိမ်အဆောက်အအုံထဲတွင် ပုန်းခိုနေကြသော မြန်မာအလုပ်သမာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ယင်းစွန့်ပစ် အဆောက်အအုံကို မလေးရှားသို့ ခိုးဝင်ရန် နားခိုသည့်နေရာအဖြင့် အသုံးပြုနေကြောင်း သတင်းပေး တိုင်ကြားချက်အရ လဝကရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆောက်အအုံထဲတွင် အသက် ၁၉ နှစ်မှ ၂၆နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦး သီးခြားခွဲထိုင်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့အားလုံးတွင် စာရွက်စာတမ်း အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြသည်။ ၎င်းတို့သည် တနင်္သာရီတိုင်းနယ်စပ်မှတစ်ဆင့် […]

လူသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ထောင်ဒဏ်တစ်သက်ချ

Dawei Watch

July 5, 2023

အိမ်ရှင်၏ ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း စင်ကာပူသတင်းဌာနများတွင် ဖော်ပြသည်။ မဇင်မာနွယ်ဆိုသည့် မြန်မာအိမ်အကူအမျိုးသမီးသည် လူသတ်မှုအတွက် အပြစ်ရှိကြောင်း ယခုနှစ် မေလ ၁၈ ရက်နေ့က တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် ရောက်ရှိလာခဲ့သည်။ ယင်းအချိန်က အသက် ၁၇နှစ်အရွယ်သာရှိသေးသော်လည်း အလုပ်အကိုင်အေဂျင်စီက နိုင်ငံကူးလက်မှတ်တွင် အသက် ၂၃ နှစ်ဟု လိမ်လည်ဖော်ပြစေကာ စင်ကာပူသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ လူသတ်မှုဖြစ်ပြီးနောက် စင်ကာပူဆေးရုံတွင် အရိုးသက်တမ်းစစ်ဆေးခဲ့သောအခါ အသက် ၁၇ နှစ်အရွယ်သာ ရှိနေသေးကြောင်း ဖော်ထုတ်ခဲ့သည်။ လူသတ်မှုဖြစ်ပွားချိန်က အဆိုပါမြန်မာအိမ်အကူသည် အသက် […]

ထိုင်းတွင် မြန်မာလုပ်သားများပါသောကား အစစ်မခံဘဲထွက်ပြေး၊ ကားတိုက်မှုဖြစ်ကာမီးလောင်ပြီး ၁၃ဦးဖမ်းဆီးခံရ

Dawei Watch

July 4, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ စီးနင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် အစစ်ဆေးမခံဘဲ ထွက်ပြေးရာ ကားတိုက်မှုဖြစ်ပွားပြီး မီးလောင် သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းနောက် ကားပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား ၁၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ချွန်ဖော်မြို့အနီးရှိ စစ်ဆေးရေးဂိတ်က ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခဲ့သော်လည်း အစစ်ဆေးမခံဘဲ အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း ဆိုသည်။ အဆိုပါပစ်ကပ်ကားသည် ရွာသားတစ်ဦး၏ ကားအနောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ကားအရှေ့ပိုင်းတွင် မီးလောင်ကျွမ်းလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုဖြစ်ပွားသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ကိုနိုင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်နေကြောင်း‌ […]

ထိုင်းတွင် မြောင်းထဲ ငါးဆင်းဖမ်းရာမှ မြန်မာလုပ်သားတစ်ဦး သေဆုံး

Dawei Watch

July 3, 2023

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်တွင် စက်ရုံနောက်ဘက် ရေမြောင်းထဲ မြန်မာအလုပ်သမားတစ်ဦး ငါးဆင်းဖမ်းရာမှ ရေမြောင်းပိုက်အတွင်း ပိတ်မိကာ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော်အောင်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီခန့်တွင် သူငယ်ချင်းများနှင့် ငါးဖမ်းလာကြကြောင်း ရေးသားထားသည်။ အရက်သောက်ကြပြီးနောက် သူငယ်ချင်းများနှင့်အတူ ငါးဖမ်းကြရင်း မြန်မာအလုပ်သမားတစ်ဦး ပျောက်ဆုံးနေ၍ သူငယ်ချင်းများက ရေထဲရှာဖွေသော်လည်း မတွေ့ရတော့ကြောင်း ဆိုသည်။ ၎င်းကို အော်ခေါ်သော်လည်း ပြန်မဖြေခဲ့သဖြင့် ကူညီကယ်ဆယ်ပေးရန် ကယ်ဆယ်ရေးအဖွဲ့များထံသို့ အကြောင်းကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ညနေ ၅ နာရီခွဲခန့်တွင် ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာခဲ့ရာ ရေမြောင်းပိုက်မှာ ကျဉ်းမြောင်းနေခဲ့ပြီး အကျယ် ၁ မီတာ၊ အရှည် ၂၀ မီတာခန့်ရှိနေသည်ကို […]

စားနပ်ရိက္ခာ အကျပ်အတည်း

Dawei Watch

June 30, 2023

ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။

စားနပ် ရိက္ခာ အကျပ်အတည်း

Dawei Watch

June 30, 2023

ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။

CI စာအုပ်ထုတ်ပေးရေး စခန်းများ ပြန်ဖွင့်မည်

Dawei Watch

June 30, 2023

ထိုင်းနိုင်ငံရှိ CI စာအုပ်(မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရေးစခန်းများကို အချိန်မမီလိုက်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ CI စာအုပ် ထုတ်ပေးသော စခန်းများကို မေလလယ်တွင် နောက်ဆုံးထားဖွင့်လှစ်ခဲ့ပြီးနောက် ပြုလုပ်ရန် အချိန်မမီလိုက်သော မြန်မာအလုပ်သမားများ ရှိနေသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံအရာရှိရုံးမှ သိရသည်။ သို့သော်လည်း ပြန်လည်ဖွင့်လှစ်ပေးမည့် နေ့ရက်၊ နေရာ၊ လုပ်ငန်းစဉ် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဘဲ မကြာမီ ထုတ်ပြန်ပေးသွားမည်ဟုသာ သံအရာရှိရုံးထံမှ သိရသည်။ “ကျွန်တော်တို့ ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ အလုပ်သမားတွေ ကျန်နေတဲ့ဟာ ဆက်လုပ်ပေးဖို့လေ။ ကျွန်တော်ပြောနိုင်တာ အဲဒါလေးပါပဲနော်။ ဘယ်ရက်ဆိုတာကလည်း ကျွန်တော်တို့တိတိကျကျ ပြန်ထုတ်ပြန်ပါ့မယ်နော်” ဟု ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိက ဖြေကြားသည်။ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးနိုင်ရန် လျှောက်ထားသော မြန်မာအလုပ်သမားများကို ကနဦးတွင် မေလ ၁၅ […]