BREAKING
April 22, 2025

ရွှေ့ပြောင်းလုပ်သား

ကော့သောင်းမှ ရနောင်းသို့ တရားမဝင် တင်ပို့သော ရော်ဘာပြား ကီလို ၂၀၀၀ ခန့် ဖမ်းဆီးခံရ

Dawei Watch

July 31, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင် တင်ပို့လာသော ရော်ဘာပြား ကီလိုဂရမ် ၂၀၀၀ ခန့်ကို ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းမိကြောင်း အမှတ် (၃) ထိုင်းရေတပ်က ထုတ်ပြန်သည်။ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၂ နာရီခွဲခန့်တွင် ကော့သောင်းနယ်စပ်မှတစ်ဆင့် ရော်ဘာပြားများကို လှေဖြင့် ကရဘူရီမြစ်ကို ဖြတ်၍ ရနောင်းဘက်သို့ သယ်ဆောင်လာနေကြောင်း သတင်းအရ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ သွားရောက်စစ်ဆေးရာတွင် လူ ခြောက်ဦးခန့်သည် လှေပေါ်မှ ရော်ဘာပြားများကို သယ်ဆောင်နေကြပြီး အခြားနေရာသို့ ပို့ဆောင်ရန်အတွက် ပစ်ကပ်ကားပေါ်သို့ တင်ဆောင်နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းအာဏာပိုင်များ ရောက်ရှိချိန်တွင် လှေမောင်းသူနှင့် ရော်ဘာပြားသယ်ဆောင်နေသူများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြပါရှိသည်။ ကျန်ရှိသော ထိုင်းနိုင်ငံသားတစ်ဦးနှင့် ကီလို ၂၀၀၀ ခန့်ရှိသော […]

ထိုင်းတွင် ကံပေါက်သူတစ်ဦး ပယောဂဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်ခံရမှုကြောင့် သေဆုံး

Dawei Watch

July 28, 2023

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်တွင် ပယောဂဝင်ပူးသည်ဟုဆိုကာ ရွှေရင်ကျော်ဆရာဆိုသူက ရိုက်နှက်ကုသမှုကြောင့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်စဖန်ဒေသတွင် ကံပေါက်ဒေသခံအမျိုးသမီးကို ရွှေရင်ကျော်ဆရာဆိုသူက သုံးရက်တိုင်တိုင် ရိုက်နှက်ကုသခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်နှင်းနွယ်ဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးသည် ကယောင်ကတမ်းပြောနေသဖြင့် သားသမီးများက ရွှေရင်ကျော်ဆရာဆိုသူနှင့်ပြသခြင်းဖြစ်ပြီး သားသမီးများ၏ ခွင့်ပြုချက်ဖြင့် ရိုက်နှက်ကုသစဉ် သေဆုံးခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။ “ရွှေရင်ကျော်ဆရာက ဒါပယောဂပဲ။ လက်တွေ့ရိုက်မှရတာ။ သားသမီးတွေ ကျေနပ်မှုရှိလားပေါ့။ သားသမီးတွေကလည်း ရှိတယ်။ ပျောက်ရင်ရပြီပေါ့။ အဲဒါမှ မိသားစုကို အပြင်မောင်းထုတ်ပြီး ရိုက်တာ။ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံး

Dawei Watch

July 27, 2023

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပထုံဌာနီမြို့ ဘန့်ကချဲဒေသရှိ ရေမြောင်းဘေးတွင် ရေမြောင်း ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုး လက်တွင်ထိကာ ဓာတ်လိုက်သေဆုံးနေကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုချမ်းမွန်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရေမြောင်းနှင့် မနီးမဝေးတွင် နေထိုင်ကာ ပန်းရံလုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူ၏ အိတ်ထဲတွင် လက်နှိပ်ဓါတ်မီး၊ မီးကြိုးဖြတ် ပလာယာ တို့ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာအလုပ်သမားသည် ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုးကို ဖြတ်တောက်ကာ လျှပ်စစ်ရယူပြီး ရှော့ခ်တိုက် ငါးဖမ်းရာမှ ဓာတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်နှင့် ထိုင်းအာဏာပိုင်တို့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် အဆိုပါရေမြောင်းတွင် […]

ရွှေခိုးယူထွက်ပြေးလာသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လွှဲပေး

Dawei Watch

July 26, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဆိုပါထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့သည်။ ယင်းနောက် လွတ်ရက်စေ့ပြီဖြစ်သဖြင့် ဇူလိုင်လ ၂၅ရက်တွင် ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ အသက် ၃၄ နှစ်အရွယ် အဆိုပါထိုင်းနိုင်ငံသားသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဝယ်သမားဟန်ဆောင်ကာ ဘတ် တစ်သိန်းခွဲတန်ဖိုးရှိ ရွှေကြိုးကို အလစ်သုတ်ခိုးယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ဘက်ခြမ်းသို့ ရေကူး၍ ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးတိမ်းရှောင်နေသော ၎င်းကို ၂၀၂၃ […]

မြန်မာကျောင်းသားတစ်ရာကျော်တွင် အားလုံးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံလိုက်ရပြီ

Dawei Watch

July 25, 2023

ထိုင်းနိုင်ငံ အန်ထောင်ခရိုင်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၁၂၆ ဦးတွင် ၁၂၁ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ငါးဦးမှအပ ကျန်ကလေးငယ်အားလုံးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် တွင် ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ Wichien Chubthaisong က ပြောဆိုထားသည်။ မိဘများက လာရောက်ခေါ်ယူခြင်းမရှိသေးသဖြင့် ကျန်ရှိနေသော ကလေးငယ်ငါးဦးမှာ အသက် ၆ နှစ်မှ ၁၄ နှစ် အရွယ်များဖြစ်ကြပြီး ကလေးများ၏ ပညာရေးအခြေအနေမှာလည်း တိတိကျကျမသိရသေးကြောင်း ၎င်းက ဆိုသည်။ မြန်မာကျောင်းသားကလေးငယ် ၁၂၁ဦးကို ချင်းရိုင်ခရိုင် မယ်ဆိုင်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာကလေးများတွင် ကျောင်းသား ၅၄ ဦးသည် အချိန်အတိုင်းအတာတစ်ခုအထိ ကျောင်းတွင် ပညာသင်ကြား […]

ထိုင်းတွင် ပင်လယ်ထဲပြုတ်ကျသည့် မြန်မာရေလုပ်သားသေဆုံး၊ အချိန်မီကယ်ဆယ်ခြင်းမရှိဟုဆို

Dawei Watch

July 24, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာရေလုပ်သားတစ်ဦး လှေပေါ်တွင်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင် မတော်တဆမှုကြောင့် ပင်လယ်ထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင် ခေါင်တန်ဒေသတွင် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က မြန်မာအလုပ်သမားသည် ခရုဆွဲသော လှေပေါ်တွင် အလုပ်လုပ်ကိုင်နေစဉ် ပင်လယ်ထဲ ချော်ကျသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ လှေဦးစီက ချက်ချင်းမရှာဖွေပေးဘဲ မိနစ် ၃၀ ခန့်ကြာမှသာ ရှာဖွေပေးခဲ့ပြီး ယင်းသို့ရှာဖွေရာတွင်လည်း အချိန်အနည်းငယ်သာ ရှာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ မြန်မာရေလုပ်သားသည် ည ၁၁ နာရီအချိန်တွင် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ပြီးနောက် အလုပ်ရှင်က ချက်ချင်းမရှာဖွေပေးပဲ မိနစ် ၃၀ ခန့်ကြာမှသာ ခဏသာရှာဖွေပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် နောက်တစ်ရက် မွန်းလွဲပိုင်းမှသာ အလောင်းကို […]

ဘန်ကောက်တွင် အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 24, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် လိုင်စင်မရှိဘဲ ဆေးကုသနေသည်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းဆေးခန်းကို ထိုင်းကျန်းမာရေးဌာနက အာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ မြန်မာဆရာဝန်နှင့် ဆေးခန်းသုံး ပစ္စည်းများကို ဖမ်းမိကြောင်း ရေးသားထားသည်။ ဘန်ကောက်မြို့ အေကမိုင်ဒေသတွင် တရားမဝင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် CCoco အလှအပရေးရာ ဆေးခန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ပိတ်သိမ်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့က ရဲမှူးကြီးက ပြောသည်။ မအိမွန် အမည်ရှိ မြန်မာဆရာဝန်ကို ဆေးခန်း၏ အလှအပရေးရာကုသရေးတွင် ခန့်ထားပြီး ၎င်းသည် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးစစ်ခြင်း၊ ဗစ်တာမင်ထိုးသွင်းခြင်းများ ပြုလုပ်နေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သော ၎င်းသည် ကုသမှုတစ်ခုအတွက် […]

အကျပ်အတည်းအတွင်း ပေးကမ်းမျှဝေခြင်း

Dawei Watch

July 23, 2023

ဒီလိုခေတ်ကျပ်ကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး ပေးကမ်းမျှဝေခြင်းက အရေးပါလာပါတယ်။ ဘယ်အကျိုးကိုမှ မမျှော်ကိုးဘဲ တစ်ဦးနဲ့ တစ်ဦး ကူကြ၊ မျှဝေကြတဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ရလာလဲဆိုတာ သိရှိထားဖို လိုအပ်လှပါတယ်။