BREAKING
April 22, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတောင်ပိုင်းတွင် မြိတ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် ပကျွတ်ခရီခန်မြို့ ကောလက်ဒေသတွင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမားများကို တွေ့ရှိသည်ဆိုသည့် သတင်းအရ နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ၄ ကီလိုမီတာကျော်အကွာရှိ တောထဲတွင် ခြေလျင်လမ်းလျှောက်နေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို တွေ့ရှိသည်ဟု ဆိုသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား မှတ်ပုံတင်သာ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံတွင် တရားဝင် ဝင်ရောက်သွားလာ၊ လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ရခိုင်၊ […]

မြန်မာစစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး ထိုင်းလွှတ်တော်ကို တင်ပြ

Dawei Watch

August 11, 2023

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကြောင့် ထိုင်း – မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခ‌သည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မှာကျင်းပတဲ့ ထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာတင်သွင်းခဲ့တယ်လို့ သိရှိရပါတယ်။ မြန်မာ စစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး အောက်လွတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng)က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။ […]

အမည်စာရင်းတင်ထားသော ရွှေ့ပြောင်းလုပ်သားများ နောက်လကုန်အထိ နေထိုင်ခွင့်ပြု

Dawei Watch

August 10, 2023

အမည်စာရင်း (Name List) တင်သွင်းထားသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို လာမည့် စက်တင်ဘာလကုန်အထိ နေထိုင်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးပေးကြောင်း အစိုးရအဖွဲ့က အတည်ပြုကြေညာခဲ့သည်။  သက်တမ်းတိုးအစီအစဉ်ကို အလုပ်သမားဝန်ကြီးဌာနက ကနဦးတင်သွင်းထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။  ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားအုပ်စု သုံးအုပ်စုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရှိရန် အလုပ်ရှင်ကတစ်ဆင့် အလုပ်သမားစာရင်းကို တင်သွင်းခွင့်ပေးခဲ့သည်။ အုပ်စုသုံးစုတွင် အလုပ်သစ် ရှာမရရှိသေးသူများ သို့မဟုတ် သက်တမ်းတိုးရန် မမှီလိုက်သူများ၊ ဗီဇာသက်တမ်းကျော်လွန်နေသူများ (overstay) နှင့် တရားမဝင် ဝင်ရောက်လာသူများ စသောအလုပ်သမားများ အကျုံးဝင်ခဲ့ပြီး ဇူလိုင်လ ၁၅ […]

ထိုင်းတွင် ဆောက်လက်စခုံးကျော်တံတားဘောင် ပြုတ်ကျသဖြင့် မြန်မာလုပ်သားတစ်ဦး‌သေဆုံး

Dawei Watch

August 9, 2023

ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့ ဘန့်ခဝမ်းဒေသတွင် ဆောက်လက်စ ခုံးကျော်တံတား၏ အင်္ဂတေဘောင် ခေါင်းပေါ်သို့ ပြုတ်ကျသဖြင့် မြန်မာအလုပ်သမား သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် အလေးချိန် ၅၀၀ ကီလိုဂရမ်ကျော်ရှိသော အင်္ဂတေဘောင်ပြားသည် မတော်တဆ အောက်သို့ ပြုတ်ကျစဉ် ဖြတ်သန်းသွားလာနေသော မြန်မာအလုပ်သမား၏ ခေါင်းပေါ် ပြုတ်ကျခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားသည် ဦးခေါင်းကွဲဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အလုပ်သမားခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ ကရိန်းကားမောင်းနှင်သူသည် ခုံးကျော်တံတားပေါ်တွင် ဘိလပ်မြေဖျော်စက်ကို အပေါ်သို့ လွှဲတင်စဉ် တံတားဘေးဘောင်ကို မတော်တဆ ထိမိသဖြင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကရိန်းကားမောင်းနှင်သူ ကျွမ်းကျင်မှုမရှိဟု ယူဆရပြီး ဩဂုတ်လ […]

ထိုင်းအမြန်လမ်းတွင် တရားမဝင် မြန်မာလုပ်သား ၉ ဦး ဖမ်းဆီးခံရ

Dawei Watch

August 8, 2023

ထိုင်းနိုင်ငံ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းမတစ်နေရာတွင် တရားမဝင် အလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာအလုပ်သမား ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၇ ရက်နေ့က ချိုင်းနတ်ခရိုင် စမ်ဖရားဒေသ ခေါက်ကယ်ဝိုရွာအနီးရှိ အမြန်လမ်းမပေါ်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်များ ဖြစ်ကြပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ မတွေ့ရှိရဟုဆိုသည်။ မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်ရှိ တောထဲမှ အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသသို့ […]

ထိုင်းတွင် မြန်မာလုပ်သားများ အလုပ်လျှောက်ခ လိမ်လည်ခံရမှု ဆက်တိုက်ဖြစ်လာ

Dawei Watch

August 7, 2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများသည် အလုပ်ရှာဖွေပေးရန် ပွဲစားများကို ငွေကြေးကြိုတင်ပေးချေထား သော်လည်း အလုပ်ရှာမပေးဘဲ ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ရှိနေကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ ယင်းသို့ လိမ်လည်ခံထားရသော မြန်မာအလုပ်သမား ၄၀ နီးပါးအထိရှိနေပြီး ငွေကြေအားဖြင့် ဘတ်လေးသိန်းနီးပါးအထိ ရှိနေကြောင်း AACအဖွဲ့၏ ရုံးတာဝန်ခံ ကိုနေလင်းသူက ပြောသည်။ အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်း၊ မြန်မာပွဲစားများက ပွဲစားခ ကြိုတင်ကောက်ခံခဲ့ပြီး ၂လနီးပါး ကြာသည်အထိ အလုပ်သွင်းပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအလုပ်သမား ၄ဝနီးပါးအနက် စမွတ်စခွန်ခရိုင် ကော့စမွတ်ဒေသရှိ မြန်မာအလုပ်သမား တစ်ဆယ်ကျော်မှာ အလုပ်လျှောက်ခ ဘတ်ရှစ်သောင်းကျော်ကို ပြန်တောင်းရာမှ တရားစွဲခံထားရကြောင်း ကိုနေလင်းသူက ပြောသည်။ အချိန် ၂လကြာသည်အထိ အလုပ်မရသဖြင့် အလုပ်လျှောက်ခပြန်ပေးရန် ဩဂုတ်လ ၅ ရက်နေ့တွင် […]

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုရယူမလဲ

Dawei Watch

August 7, 2023

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေ ရှိနေပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်မလဲဆိုတာ သိရှိထားဖို့ လိုအပ်လှပါတယ်။

အကျပ်အတည်းအတွင်း ပေးကမ်းမျှဝေခြင်း

Dawei Watch

August 7, 2023

ဒီလိုခေတ်ကျပ်ကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး ပေးကမ်းမျှဝေခြင်းက အရေးပါလာပါတယ်။ ဘယ်အကျိုးကိုမှ မမျှော်ကိုးဘဲ တစ်ဦးနဲ့ တစ်ဦး ကူကြ၊ မျှဝေကြတဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ရလာလဲဆိုတာ သိရှိထားဖို လိုအပ်လှပါတယ်။