ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသည့်မြန်မာလေးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရ
Dawei Watch
August 23, 2023ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားလေးဦးအတွက် နစ်နာကြေးငွေ ဘတ်နှစ်သန်းကျော် ရရှိကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မိသားစုဝင်များထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ခုနစ်ဦးအနက် စာရွက်စာတမ်းများနှင့် အချက်အလက် ပြည့်စုံသော အလုပ်သမား လေးဦး၏ မိသားစုဝင်များကို ဩဂုတ်လ ၂၂ ရက်နေ့တွင် စမွတ်စခွန်ခရိုင် လူမှုဖူလုံရေးရုံးတွင် နစ်နာကြေးပေးအပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ လောင်စာဆီတင်သင်္ဘောသည် စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်က မီးလောင်ပေါက်ကွဲသဖြင့် မြန်မာအလုပ်သမား ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုနိုင်ဝင်း၊ ကိုဝင်းဘို၊ ကိုဖြိုးဝေစိုး၊ ကိုသီဟ၊ ကိုဇော်မင်းလွင်နှင့် ကိုတင်ဝင်းတို့ ဖြစ်သည်။ ၎င်းတို့အနက် […]