ထိုင်းတွင် ချစ်သူနှင့်စကားများထားသည့် မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး
Dawei Watch
March 6, 2025ချစ်သူနှင့်စကားများထားသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ရထားအတိုက်ခံကာ မိမိကိုယ်ကို အဆုံးစီရင်မှု ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၄ ရက်နေ့က အသက် ၂၂ နှစ်အရွယ် မြန်မာလူငယ်သည် ချစ်သူနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူသည် ချွန်ဘူရီခရိုင်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်သောနေ့က မြန်မာလူငယ်သည် အသက် ၂၀ နှစ်အရွယ် ချစ်သူနှင့် ရထားလမ်းပေါ် စကားများ ရန်ဖြစ်ခဲ့ကြောင်း မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့သို့ ဖြေကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၈ လကြာ ချစ်သူအဖြစ် အတူနေသူများဖြစ်ပြီး မြန်မာလူငယ်က အလုပ်ထွက်၍ မြန်မာနိုင်ငံရှိ အိမ်သို့ ပြန်၍ နေထိုင်ချင်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အိမ်ပြန်လိုက်ရန် ခေါ်သောအခါ အမျိုးသမီးက […]