မဟာချိုင်က ဈေးထဲ ထိုင်းအာဏာပိုင်များဝင်စစ်ပြီး မြန်မာ ၇ ဦးကိုဖမ်းဆီး
Dawei Watch
March 10, 2025ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက ဈေးတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးရောင်းနေသော မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဟာချိုင်ဒေသက မြန်မာနိုင်ငံသားအများစု လာရောက်လေ့ရှိသည့် ဈေးတစ်ခုဖြစ်သော ထိုင်းယူနစ်ဒေသထဲက ဈေးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းက ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဈေးထဲတွင် မြန်မာပစ္စည်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်များအပြင် ဝက်သားတုတ်ထိုးကဲ့သို့ မြန်မာအစားသောက်များလည်း ရောင်းချနေကြောင်း တွေ့ခဲ့ရသဖြင့် ထပ်မံစစ်ဆေးခဲ့ဟုဆိုသည်။ ဈေးရောင်းနေသူများကို စစ်ဆေးကြည့်ရာ ဆိုင်ရှေ့ဈေးရောင်းချခွင့် လျှောက်မထားသော မြန်မာနိုင်ငံသား ၆ ဦးနှင့် အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကဲ့သို့ စာရွက်စာတမ်းများ […]