BREAKING
October 19, 2024

ရွှေ့ပြောင်းလုပ်သား

နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ

Dawei Watch

February 19, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။ မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။ သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။ ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။ ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။ လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ […]

ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊ ကလေးနှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့များ စစ်ဆေးရာ ဘိန်းစာရွက်ပြုတ်နေသော နေရာသည် သန့်ရှင်းမှုမရှိဘဲ နံရံ၊ ကြမ်းပြင်နှင့် ရေလှောင်ကန်များက ညစ်ပတ်ပေတေနေကြောင်း ဆိုသည်။ ထို့အပြင် အခန်းထဲတွင် ပိုးဟပ်များကိုပါ တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အခန်းထဲတွင် ပြုတ်ပီးသား ရောင်းချရန် အသင့်ဖြစ်နေသော ဘိန်းစာရွက်ပြုတ်ရည် ၅၄၃ ဘူး၊ ဘူးအလွတ် ၃၀၀၀၀ ကျော်နှင့် ဘိန်းစာရွက် ၃၀၅ ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ နောက်စက်ရုံထဲတွင် […]

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး

Dawei Watch

February 16, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ) အမည်ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘန်ကောက်သို့ မကြာမကြာ လာလည်တတ်သူဖြစ်သည်။ အလောင်းကို ဘန်ကောက်မြို့လယ် ခလောတိန်ဒေသ စူခူဗစ်ဧရိယာရှိ ကွန်ဒိုတိုက်ခန်း ၂၃လွှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်စောစောက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလောင်းကို အတူနေ မြန်မာအဒေါ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအချိန်တွင် မျက်နှာ၊ နား၊ ဦးခေါင်းတွင် ဒဏ်ရာများစွာဖြင့် သွေးထွက်လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် လူသတ်သမားဟု ယူဆရသော ကင်းမရွန်းနိုင်ငံသား နှစ်ဦးက […]

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

Dawei Watch

February 15, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၇ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် ဖို့ဖရာ့ဒေသရှိ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြပ်နေစဉ် ငှက်ပျောတောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသာ ၁၁ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၇ ဦးပါဝင်ကြပြီး အများစုသည် လူငယ်အရွယ်များ ဖြစ်ကြကြောင်း ဖော်ပြထားသည်။ ၎င်းတို့အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဆိုသည်။ အားလုံးသည် ထိုင်းနယ်စပ်ထဲသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ဘန်ကောက်နှင့် အနီးတဝိုက် နေရာများတွင် အလုပ်လုပ်ရန် […]

ထိုင်းတွင် မြန်မာလုပ်သားများအတွက် CI စခန်းများ လာမည့်အပတ်တွင် စဖွင့်မည်

Dawei Watch

February 15, 2024

နိုင်ငံကူးလက်မှတ်မရှိသေးသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စ၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  7-Eleven စတိုးဆိုင်များမှ စုံစမ်းသိရှိရသည်။ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်သွင်းထားသော မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်မရှိပါက အခြေခံအလုပ်သမားဗီဇာ (NON L-A) ကို ထည့်သွင်းအသုံးပြုရန် CI စာအုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ပထမ ရက်ချိန်း ရယူရမည်ဖြစ်ပြီး ဝန်ဆောင်ခ ၁၃၁၀ ဘတ် ကနဦးကုန်ကျမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ 7-Eleven စတိုးဆိုင်များတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ CI လုပ်ရန် ရက်ချိန်းတိုကင် […]

ဘန်ကောက်လုပ်ငန်းခွင်တွင် လက်ညှိုးတစ်ချောင်း ဆုံးရှုံးသွားသော မြန်မာလုပ်သား နစ်နာကြေး ဘတ် ၂ သိန်းခွဲခန့်ရ

Dawei Watch

February 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ရင်း မတော်တဆ လက်ညှိုးတစ်ချောင်း ဆုံးရှုံးခဲ့ရသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ၂ သိန်းခွဲခန့်ကို ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ အသက် ၃၀ ဝန်းကျင် မရီရီခင် အမည်ရှိ မြန်မာအလုပ်သမားသည် ဘန်ကောက်မြို့ အေကချိုင်လမ်း၊ ၇၆ လမ်း ရှိ ဖန်စီပစ္စည်းပြုလုပ်သော စက်ရုံတွင် လုပ်ကိုင်နေစဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလက မတော်တဆ ထိခိုက်မိခဲ့သဖြင့် လက်ခလယ်တစ်ချောင်း ဆုံးရှုံးသွားခဲ့ရကြောင်း အဖွဲ့ထံမှ သိရသည်။ မော်တာစက်တွင် မိန်းကလေးသုံး Fancy ပစ္စည်းများကို အချောတိုက်နေချိန် လက်အိတ်နှင့် ငြိပါသွားသဖြင့် လက်ခလယ်တစ်ချောင်း ဆုံးရှုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်ဖြစ်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်ကို […]