BREAKING
January 24, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ဆေးရုံတက်နေသည့် မြန်မာတစ်ဦးပစ်သတ်ခံရ

Dawei Watch

June 7, 2024

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော မြန်မာအမျိုးသားတစ်ဦး ယနေ့ ဇွန်လ ၇ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ နံနက် ၁ နာရီခန့်တွင် ခွန်ကယ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသား ခွဲစိတ်လူနာဆောင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင် အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဦးခေါင်းကို ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်ခံရပြီးနောက် ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆေးကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားသည် နောက်ကျောတွင် အကျိတ်တွေ့ထားသဖြင့် ခွဲစိတ်ရန် ဇွန်လ ၅ရက်က ဆေးရုံတက်နေခြင်း ဖြစ်ပြီး ခွဲစိတ်ရန် စောင့်နေစဉ် ပစ်သတ်ခံရကြောင်း ၎င်း၏ ထိုင်းနိုင်ငံသား ချစ်သူက […]

သိထားရမယ့် မြေမြှုပ်မိုင်း

Dawei Watch

June 6, 2024

မြေမြှုပ်မိုင်းအမျိုးအစားတွေကို လူသတ်မြေမြှုပ်မိုင်းနဲ့ ယာဉ်ဖျက်မိုင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ လူသတ်မြေမြှုပ်မိုင်းမှာမှ ရုတ်ချည်းပေါက်ကွဲမိုင်းနဲ့ အစထွက်လူသတ်မိုင်း(ပေါက်ကွဲမိုင်း)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကြောင့် သိထားရမယ့် မြေမြှုပ်မိုင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

မိုင်းအန္တရာယ်သတိပေး အမှတ်အသားနဲ့သဲလွန်စတွေက ဘာတွေလဲ

Dawei Watch

June 5, 2024

နိုင်ငံတကာ မိုင်းအန္တရာယ်သတိပေး အမှတ်အသားကတော့ အနီရောင်အခံပေါ်မှာ အဖြူရောင် အရိုးခေါင်းနဲ့ အရိုးနှစ်ချောင်းဖြစ်ပြီး မိုင်းအန္တရာယ်ရှိတယ်ဆိုတဲ့ သတိပေးစာသားကို အင်္ဂလိပ်ဘာသာ (ဒါမှမဟုတ် ) ဒေသသုံးဘာသာစကား တခုခုနဲ့ ဖော်ပြလေ့ရှိပါတယ်။ ကိုယ်ဒေသမှာကော ဘယ်လိုအမှတ်အသားတွေကို သတိထားသင့်ပါသလဲ။

ထိုင်းအဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာ တစ်ရာနီးပါး ဖမ်းဆီးခံရ

Dawei Watch

June 5, 2024

ထိုင်းနိုင်ငံ ချင်းရိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၉၁ဦး ဇွန်လ ၄ ရက် နံနက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များက ပူးပေါင်း၍ အမှတ် ၁၀၁ အမြန်လမ်းမကြီးတစ်လျှောက်ဖြစ်သော ဖရဲလ်နှင့် ဥတရဒစ် ခရိုင်များတွင် ချင်းရိုင်-ဘန်ကောက် ဘတ်စ်ကားလေးစီးကို တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးကားလေးစီးပေါ်တွင် ထိုင်းခရီးသည်များ၊ အထောက်အထားပြည့်စုံသော မြန်မာနိုင်ငံသားများလည်း လိုက်ပါလာကြကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၉၁ဦးအနက် အချို့မှာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် စာအုပ်များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အခြားသူများမှာ အထောက်အထား မရှိသူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရှိသူများက မယ်ဆိုင်ဒေသအတွင်းတွင်သာ လည်ပတ်ခွင့်ရှိမည်ဖြစ်ပြီး ခရီးသွားခွင့် မရှိကြောင်း ရဲတပ်ဖွဲ့ဘက်က […]

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲတွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆိုထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြိုနယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို စစ်ရေးတွေ ပိုမိုပြင်းထန်လာဖိုရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆိုမှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မိုင်းနဲ့ အန္တရာယ်ရှိတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ တွေ့ရတတ်လဲ

Dawei Watch

June 4, 2024

အသုံးပြုပြီးမပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းဆိုတာ ပေါက်ကွဲစေဖို့ ရည်ရွယ်ပြီး ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြစ်ပါတယ်။ မိုင်းနဲ့ အခြားမပေါက်ကွဲသေးတဲ့ စက်ကျန်လက်နက်ပစ္စည်းရှိနေတဲ့ နေရာတွေကို သတိထားရှောင်ကျဉ်သင့်ပါတယ်။

ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ကို မြန်မာတစ်ဦးက သတ်သည်ဟုဆို

Dawei Watch

June 4, 2024

ထိုင်းနိုင်ငံတောင်ပိုင်း တရတ်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၃ ရက် နံနက်ပိုင်းက တရတ်ခရိုင် ယမ်းတားခေါင်ဒေသက အိမ်ကုန်စုံဆိုင်ထဲတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားသည် ကုန်စုံဆိုင်တွင် ဆန်ဝယ်သည့်အချိန် ဆိုင်ပိုင်ရှင်က ငွေတောင်းစဉ် ငွေမပေးနိုင်ရာမှ အချင်းများကြကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် မြန်မာနိုင်ငံသားတွင် ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင်ကို ထိုးခဲ့ပြီး ဆိုင်ပိုင်ရှင်၏ ခင်ပွန်းဖြစ်သူကလည်း ထိုးသွင်းဒဏ်ရာရရှိထားသဖြင့် ဆေးရုံတင်ထားရကြောင်း ထိုင်းသတင်းဌာနက ရေးသားထားသည်။ ဇနီးဖြစ်သူ ဓားဖြင့် အထိုးခံရပြီး အော်ငိုသံကြားရသဖြင့် ထွက်လာကြည့်ရာမှ မြန်မာနိုင်ငံသားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းကိုယ်တိုင်ရောမြန်မာနိုင်ငံသားတွင်ပါ ဓားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်အမျိုးသားက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထား သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသောအခါ […]