ထိုင်းငါးဖမ်းလုပ်ငန်း ဥပဒေအသစ်ကြောင့် စိုးရိမ်မှုမြင့်တက်
Dawei Watch
June 18, 2024လွှတ်တော်ကို တင်သွင်းထားတဲ့ ငါးဖမ်းလုပ်ငန်းဥပဒေအသစ်က ထိုင်းနိုင်ငံကို ခေတ်နောက်ပြန်ဆွဲစေလိမ့်မယ်၊ လူကုန်ကူးမှုတွေ ပိုများလာပြီး တိုင်းပြည်ရဲ့ ဘတ်ငွေဘီလီယံနဲ့ချီတဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်သွားစေလိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ကြီးထွားလာနေပါတယ်။ ၂၀၁၇ ထိုင်းငါးဖမ်းလုပ်ငန်းအက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ဆက်စပ်ဥပဒေမူကြမ်း ၇ ခုကို ထိုင်းအစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ပါလီမန်ရဲ့ ထောက်ခံမှုကို ရထားတဲ့ အဆိုပါဥပဒေပြင်ဆင်ချက်မူကြမ်းတွေကို အထူးသီးသန့်ကော်မတီတစ်ရပ်က စစ်ဆေးသုံးသပ်နေပြီ ဖြစ်ပါတယ်။ အထူးကော်မတီရဲ့ စစ်ဆေးသုံးသပ်မှုပြီးဆုံးသွားခဲ့ရင်တော့ တရားဝင်အတည်ပြုပြဌာန်းဖို့အတွက် ဇူလိုင်လမှာ ထိုင်းပါလီမန်ကို ပြန်လည်တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအဆင့်က အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ ကို ကျဆင်းသွားခဲ့မယ်ဆိုရင် အဲဒီကနေ အဆင့်ပြန်တက်လာအောင် ကြိုးစားဖို့က ခက်ခဲလိမ့်မယ်” လို့ Institute of Politics […]