BREAKING
October 19, 2024

ရွှေ့ပြောင်းလုပ်သား

ကရိန်းပြိုကျ၍ သေဆုံးသော မြန်မာလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရ

Dawei Watch

March 30, 2024

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ် ၂၉ ရက်နေ့ ညနေပိုင်းက ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၅ သန်းစီပေးရန် မိသားစုဝင်များနှင့် မြန်မာအလုပ်သမားများက ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပြီး ထိုင်းအာဏာပိုင်များ၊ WAG အပါအဝင် မြန်မာအလုပ်သမားအဖွဲ့အစည်းများက ည […]

ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သား ၇ ဦးသေဆုံး၊ လျော်ကြေးချက်ချင်းပေးရန် ဆန္ဒပြတောင်းဆို

Dawei Watch

March 30, 2024

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ကရိန်းပြိုကျပြီး မြန်မာအလုပ်သမား ၇ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညနေ ၄ နာရီခွဲခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၆ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ၁ ဦးက ဆေးရုံတွင် သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် မြန်မာအလုပ်သမားအများစုက အလောင်းများကို သယ်ခွင့်မပေးခဲ့ဘဲ သေဆုံးသူတစ်ဦးစီအတွက် လျော်ကြေး ဘတ် ၅ သန်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ကုမ္ပဏီဘက်က သေဆုံးသူတစ်ဦးလျှင် လျော်ကြေး ဘတ် ၅ သိန်းသာ ပေးချေရန် ကနဦးပြောကြားခဲ့သဖြင့် အလုပ်သမားများဘက်က သေဆုံးသူများအတွက် […]

မဲဆောက်တွင် မြန်မာသို့ပို့မည့် ဒရုန်းဖျက်လက်နက်တွေ့၍ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

March 29, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒရုန်းဖျက်လက်နက်တစ်လက်ကို မြန်မာနိုင်ငံသား နှစ်ဦးထံမှ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပါဆယ်ပို့မည့် အထုပ်တွင် လက်နက်များပါကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အမျိုးသား၊ အမျိုးသမီးနှစ်ဦးကို ခေါ်ယူ စစ်ဆေးရာမှ ဒရုန်းပစ် လက်နက်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ဆိုသည်။ ဒရုန်းပစ် လက်နက်ကို အွန်လိုင်းက မှာယူထားပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြန်မာနှစ်ဦးက ရဲတပ်ဖွဲ့ထံ ဝန်ခံထားကြောင်း သတင်းတွင် ဖော်ပြသည်။ လက်နက်ကိုင်ဆောင်ထားမှုအတွက် ခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ဆိုသည်။ ဒရုန်းပစ်လက်နက်နှင့် ပါဆယ်အတွင်းပါသော ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို ဆက်လက်စစ်ဆေးရန် မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် တရားမဝင် […]

ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ

Dawei Watch

March 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။ ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု များပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယခင်နှစ်ထက် ကျွန်းပေါ်တွင် မြန်မာအလုပ်သမားများ ၂ ဆ ၃ ဆခန့်အထိ ပိုမိုများပြားလာသဖြင့် ကျွန်းပေါ်ရှိ အငှားချထားသော တိုက်ခန်းများ၊ အခန်းတွဲများနှင့် လုံးချင်းတိုက်များအပါအဝင် အားလုံးနီးပါး ပြည့်နေကြောင်း ကော့စမွေကျွန်းရှိ ထားဝယ်ဒေသခံ အလုပ်သမားတစ်ဦးက ဆိုသည်။ “အခုက အခန်းတွေ မရတော့လို့ တစ်ခန်းမှာ ၈ ယောက်လောက်အထိ ပေါင်းနေနေရတဲ့ အခြေအနေဖြစ်နေတယ်။ (မြန်မာ) နိုင်ငံထဲက ထွက်လာတဲ့ သူတွေလည်း လာတာကိုး။ အကုန်လုံး ဒုက္ခတွေ […]

တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ကန်ချနဘူရီတွင် ဆက်တိုက် ဖမ်းဆီးခံနေရ

Dawei Watch

March 26, 2024

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၇၇ ဦးရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် မတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဆက်တိုက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၅ ရက်နေ့က စိုက်ပျိုးရေးပစ္စည်းများ သယ်လာသည့် ပစ်ကပ်ကားကို လိုက်လံဖမ်းဆီးရာမှ ကားနောက်ပိုင်း ကင်းဗက်ပိုင်းအတွင်း ပုန်း၍လိုက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်တို့မှ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားကို ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း အာဏာပိုင်များကို ဖြေကြားခဲ့သည်။ မတ်လ ၂၄ ရက်နေ့ […]

အချက်အလက်မတူသဖြင့် မြန်မာလုပ်သားများ CI စာအုပ် လုပ်ခွင့်မရ

Dawei Watch

March 24, 2024

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်)ပါ အချက်အလက်များလွဲနေသဖြင့် CI စာအုပ်( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ပြုလုပ်ခွင့်မရကြကြောင်း အလုပ်သမားများနှင့် အကျိုးဆောင်များထံမှ သိရသည်။ ပန်းရောက်ဘတ် ပြုလုပ်ထားသော အလုပ်သမားများသည် ဘိုင်အနုမတ်ခေါ်သည် အလုပ်လုပ်ခွင့်လက်မှတ်စာရွက်များ ကနဦး ရရှိလာပြီးနောက် ထိုင်းလဝကရုံးများတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်ရသည်။ ယင်းနောက် နိုင်ငံကူးလက်မှတ်ရှိပါက အခြေခံအလုပ်သမားဗီဇာ ထည့်သွင်းနိုင်သော်လည်း စာအုပ်မရှိပါက ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်နှင့် သွားလာခွင့်ရရှိစေရန်အတွက် သတ်မှတ်ထားသော CI စခန်း ၈ ခုတွင် CI စာအုပ်ကို ပြုလုပ်ရမည်ဖြစ်သည်။ CI စာအုပ်ပြုလုပ်ရာတွင် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်အောက်ခြေရှိ QR Code ကို scan ဖတ်ပြီး စာရွက်ပေါ်က အချက်အလက်များနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ထဲရှိ အချက်အလက်နှင့် ဓါတ်ပုံများကို […]