BREAKING
October 19, 2024

ရွှေ့ပြောင်းလုပ်သား

လူမှုဖူလုံရေးထည့်ထားတဲ့ မြန်မာလုပ်သားတွေ အကျုံးဝင်တဲ့ဆေးရုံတွေမှာ ကျန်းမာရေးစစ်ခွင့်ရ

Dawei Watch

April 3, 2024

လူမှုဖူလုံရေးထည့်ထားတဲ့ မြန်မာလုပ်သားတွေ အကျုံးဝင်တဲ့ဆေးရုံတွေမှာ ကျန်းမာရေးစစ်ခွင့်ရ

ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်သည့် မြန်မာလုပ်သားများ အကျူံးဝင်သည့်ဆေးရုံတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်နိုင်

Dawei Watch

April 3, 2024

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသူတိုင်းသည် ဧပြီလ ၁ ရက်နေ့မှစ၍ လူမှုဖူလုံရေးအကျူံးဝင်သည့် ဆေးရုံ၊ ဆေးခန်းတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ထံမှ သိရသည်။ လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသူများသည် လူမှုဖူလုံရေးရုံးနှင့် အစိုးရကျန်းမာရေးအာမခံရုံး (ပကန်စူခဖန်း) များနှင့် ချိတ်ဆက်ထားသော ဆေးရုံဆေးခန်းတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခွင့် ရှိပြီဖြစ်သည်။ ယခင်က လူမှုဖူလုံရေး ပြုလုပ်ထားသည့် နယ်မြေအတွင်းရှိ သတ်မှတ်ဆေးရုံများတွင်သာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုရယူရန် ထိုင်းနိုင်ငံသားကတ်ပြားကို ယူဆောင်လာရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပကန်စံခွန် နံပါတ် ၁၃ လုံးနှင့်အတူ နိုင်ငံကူးလက်မှတ်နှင့် work permit များ လိုအပ်မည်ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ လူမှုဖူလုံရေးရန်ပုံငွေထည့်ဝင်ထားသော […]

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာ ၂၉ ဦးပါလာသည့် ကားတိမ်းမှောက်၊ ၅ ဦးစိုးရိမ်ရ

Dawei Watch

April 1, 2024

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသော ထရပ်ကားတစ်စီး မတ်လ ၃၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စန်ခရာဘူရီဒေသရှိ အမြန်လမ်းမ ၃၂၃ တောင်ဆင်းလမ်းကွေ့တစ်နေရာတွင် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ တိမ်းမှောက်ပြီးနောက် ၆ ဘီးတပ် ထရပ်ကားသည် လမ်းဘေးသို့ လိမ့်သွားခဲ့ပြီး ကားမောင်းသမားက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၉ ဦး လိုက်ပါလာကြပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို စန်ခရာဘူရီဆေးရုံနှင့် အနီးရှိဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာမပြင်းထန်သူများကို ဆေးရုံမှဆင်းစေကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ မြန်မာနိုင်ငံသားများသည် တနင်္ဂနွေနေ့ညဘက်က ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် […]

ဘန်ကောက်တွင် အနှိပ်သည် မြန်မာလူငယ် ၁၅ဦး ဖမ်းဆီးခံရ

Dawei Watch

March 31, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ဖဖောင်းရှောပင်းစင်တာတွင် အနှိပ်သည်လုပ်နေသော မြန်မာနိုင်ငံသား လူငယ်အမျိုးသား ၁၅ ဦး မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ Big C လတ်ဖလောင်းရှောပင်းစင်တာအတွင်းရှိ Uncle oo အနှိပ်ခန်းကို ထိုင်းလူကုန်ကူးမှုတားဆီးရေးအာဏာပိုင်များက ဝင်ရောက်စီးနင်းရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အနှိပ်ခန်းသို့ လာရောက်သော အမျိုးသားများကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသည်ဟု သတင်းပေး တိုင်ကြားမှုရရှိခဲ့သဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ အနှိပ်ခန်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၅ ဦးကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ အဆိုပါမြန်မာများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆိုသည်။ အသက် ၆၂ နှစ်အရွယ် ထိုင်းဆိုင်ပိုင်ရှင်ကို တရားမဝင် အလုပ်သမားများကို […]

ကရိန်းပြိုကျသောကုမ္ပဏီတွင် ယခင်ကိုယ်အင်္ဂါဆုံးရှုံးသည့် မြန်မာများကိုပါ နစ်နာကြေးပေးရန် တောင်းဆို

Dawei Watch

March 30, 2024

ထိုင်းနိုင်ငံ ရယွန်ခရိုင် တရုတ်ကုမ္ပဏီပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယခင်ကတည်းက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာအလုပ်သမားများကိုပါ နစ်နာကြေးပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) အောက်က နစ်နာကြေး ရရှိနိုင်ရန် ယနေ့တွင် ထပ်မံတောင်းဆိုနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာအလုပ်သမားများသည် မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သော Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီ၏ မြန်မာအလုပ်သမားဟောင်းများဖြစ်သည်။ ယခင်ကတည်းက မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာ အလုပ် သမား ၁၃ ဦးအထိ ရှိခဲ့ပြီး […]

ကရိန်းပြိုကျ၍ သေဆုံးသော မြန်မာလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရ

Dawei Watch

March 30, 2024

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ် ၂၉ ရက်နေ့ ညနေပိုင်းက ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၅ သန်းစီပေးရန် မိသားစုဝင်များနှင့် မြန်မာအလုပ်သမားများက ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပြီး ထိုင်းအာဏာပိုင်များ၊ WAG အပါအဝင် မြန်မာအလုပ်သမားအဖွဲ့အစည်းများက ည […]