BREAKING
October 19, 2024

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ၁၄ နှစ်အရွယ် မြန်မာကလေးတစ်ဦး ဆုန်ကရန်မှအပြန်တွင် ရေထဲပြုတ်ကျသေဆုံး

Dawei Watch

April 17, 2024

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်၌ ဆုန်ကရန်ပွဲတော်တွင် ရေကစားရာပြီး ပြန်လာသော အသက် ၁၄ နှစ်အရွယ် မြန်မာကလေး တစ်ဦးသည် ခန္ဓာကိုယ်ဆေးကြောရန် မြောင်းထဲဆင်းစဉ် မတော်တဆ ရေမြောင်းထဲ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။ သေဆုံးသူသည် မြန်မာကလေးငယ်သည် ထိုင်းကျောင်းတက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။ ပြီးခဲ့သော ဧပြီလ ၁၅ ရက်နေ့က အခြားသူငယ်ချင်းများနှင့်အတူ ဘန်းပေါ်ဒေသရှိ ဝပ်ဒေါ်တူးကျောင်းရှေ့ ရေမြောင်းအနီး ဆုန်ကရန်ပွဲတော်တွင် ရေကစားခဲ့ကြောင်း ဖော်ပြသည်။ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရေကစားရာကအပြန် ခန္ဓာကိုယ်တွင် ပေနေသော သနပ်ခါးပေါင်ဒါများကို သန့်ရှင်းရန် ရေမြောင်းထဲရှိ ရေနှင့် ဆေးကြောရန် သူငယ်ချင်းများနှင့် ဆင်းသွားခဲ့ကြောင်း ဆိုသည်။ ဆင်းသွားစဉ် အနီးရှိ ဝါးလုံးဖြင့် ချည်ထားသော ကြိုးကို ဆွဲထားသော်လည်း မတော်တဆ ကြိုးပြတ်သွားကာ […]

ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ

Dawei Watch

April 16, 2024

ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ ဆုန်ကရန်ပွဲတော်ဖြစ်သော်လည်း အလုပ်မနားရသော အမျိုးသမီးဖြစ်သူမှာ ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အခန်းသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြသည်။ ခင်ပွန်းသည်မှာ ဆုန်ကရမ်တွင် အပြင်ထွက် ရေကစားပျော်ပါးခဲ့သော်လည်း ထမင်းမချက်ထားသဖြင့် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။ အမျိုးသမီးဖြစ်သူက စိတ်ဆိုးပြီး အမျိုးသား၏ ဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သဖြင့် ခေါင်းကွဲသွားရာမှ အမျိုးသားဖြစ်သူက ဓားဖြင့် ပြန်ထိုးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ အလုပ်နားသဖြင့် အပြင်ထွက် […]

သင်္ကြန်တွင် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

April 16, 2024

သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများနှင့် လဝကများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလ ၁၄ ရက်က ရနောင်းခရိုင် ကပေးဒေသအတွင်းရှိ တောထဲတွင် ပုန်းနေပြီး ကားစောင့်နေသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ဦးတို့ကို ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ဖမ်းဆီးခဲ့သည်။ ဓါတ်ပုံများအရ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ဧပြီလ ၁၁ ရက်ကလည်း ရနောင်းခရိုင် ကရဘူရီဒေသတွင် အိမ်စီးကားတစ်စီးပေါ်လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး […]

ထိုင်းသို့တရားမဝင် ဝင်လာ၍ လဆန်း ၅ ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်အဖမ်းခံထားရ

Dawei Watch

April 5, 2024

ထိုင်းသို့တရားမဝင် ဝင်လာ၍ လဆန်း ၅ ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်အဖမ်းခံထားရ

ကန်ချနဘူရီရှိ စွန့်ပစ်အိမ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

April 5, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ယမန်နေ့ (ဧပြီ ၄)က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ နော့ဘဝါဒေသရှိ အိမ်တစ်အိမ်ထဲတွင် မြန်မာနိုင်ငံသား အများအပြားရှိနေကြကြောင်း သတင်းရရှိခဲ့သဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား ၁၂၃ ဦးကို ပစ်ကပ်ကား ၅ စီးနှင့်အတူ တွေ့ရှိရပြီး ထိုင်းကားသမားများက ထွက်ပြေးလွတ်မြောက်သွားကြောင်း အာဏာပိုင်များက ပြောသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရဘူရီထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး တောင်ပိုင်ဒေသကိုသွားရန် စောင့်ဆိုင်းနေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဖြေကြားထားသည်။ ဖမ်းဆီးခံရသူအများစုသည် […]

ထိုင်းတောင်ပိုင်းကနေ ကော့တောင်ကျွန်းကိုသွားတဲ့ သင်္ဘောတစ်စီးမီးလောင်လို့ ၄ ဦး ဒဏ်ရာရ

Dawei Watch

April 4, 2024

ထိုင်းတောင်ပိုင်းကနေ ကော့တောင်ကျွန်းကိုသွားတဲ့ သင်္ဘောတစ်စီးမီးလောင်လို့ ၄ ဦး ဒဏ်ရာရ