BREAKING
January 24, 2025

ရွှေ့ပြောင်းလုပ်သား

Podcast: အကူအညီလိုနေတဲ့ စစ်ဘေးရှောင် စိတ်ကျန်းမာရေး

Dawei Watch

July 31, 2024

တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာရသူ ငါးသောင်းကျော်လောက် ရှိနေပြီး စစ်ဘေးရှောင်တွေက ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှု နည်းပါးနေပါသေးတယ်။

အကူအညီလိုနေတဲ့ စစ်ဘေးရှောင် စိတ်ကျန်းမာရေး

Dawei Watch

July 30, 2024

တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာရသူ ငါးသောင်းကျော်လောက် ရှိနေပြီး စစ်ဘေးရှောင်တွေက ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှု နည်းပါးနေပါသေးတယ်။

အကူအညီလိုနေတဲ့ စစ်ဘေးရှောင် စိတ်ကျန်းမာရေး

Dawei Watch

July 30, 2024

တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာရသူ ငါးသောင်းကျော်လောက် ရှိနေပြီး စစ်ဘေးရှောင်တွေက ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှု နည်းပါးနေပါသေးတယ်။

ထိုင်းတွင် မြန်မာလုပ်သား ၆၀ကျော်ကို နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရ၊ အထောက်အထားလည်း အသိမ်းခံရ

Dawei Watch

July 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဒွန်းစပ်မြို့ရှိ သစ်စက်တွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံလိုက်ရကြောင်း မြန်မာလုပ်သားအချို့ထံမှ သိရသည်။ ‘စူထန်ဖာလာဝု’ ဟုခေါ်သည့် အဆိုပါစက်ရုံတွင် ယခုနှစ် မတ်လမှစကာ အလုပ်အမှာစာ (အော်ဒါ) လျော့နည်းလာပြီး အလုပ်လုပ်ရသည့်ရက် နည်းလာရာ ဇူလိုင်လ လလယ်ပိုင်းတွင် အလုပ်လုံးဝမရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ပြီးခဲ့သည့် ၇ ရက်ခန့်က အလုပ်သမားများကို အစည်းအဝေးခေါ်ပြီးနောက် အလုပ်ရုံရပ်နားလိုက်ပြီဟု အလုပ်ရှင်က ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါ သစ်စက်တွင် မြန်မာအလုပ်သမား ၆၀ ကျော်ရှိပြီး အလုပ်ရှင်က နစ်နာကြေးတစ်စုံတစ်ရာမပေးဘဲ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “အပြင်မှာ လုပ်ချင်တဲ့သူ အပြင်မှာ ထွက်လုပ်ဖို့ပြောတယ်။ သူဌေးအသစ်ပြန်ရှာခိုင်းတယ်။ အလုပ်ထုတ်လိုက်တဲ့အတွက် နစ်နာကြေးကို […]

ထိုင်းအစိုးရက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ဘတ်ကိုးသန်းထောက်ပံ့မည်

Dawei Watch

July 29, 2024

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေးအတွက် ဘတ်ကိုးသန်း တန်ဖိုးရှိသော လူသားချင်းစာနာမှု အကူအညီများ ထိုင်းနိုင်ငံက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ လာအိုနိုင်ငံတွင် ကျင်းပသော ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးအပြီး ဇူလိုင်လ၂၈ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr Maris Sangiampongsa က ပြောဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ကို အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ (ဘတ် ၉ သန်းခန့်) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း အတည်ပြု ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော မတ်လက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများကို […]

ထိုင်းတွင် ညဘက် မုန့်ထွက်ဝယ်သော မြန်မာဆယ်ကျော်သက်လူငယ်နှစ်ဦး ကားတိုက်ခံရပြီးသေဆုံး

Dawei Watch

July 25, 2024

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်တွင် ညဘက် အပြင်မုန့်ထွက်ဝယ်သော မြန်မာနိုင်ငံသားနှစ်ဦး ကားတိုက်ခံရသဖြင့် သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၃ရက် ည ၉နာရီခန့်က စူဖန်ဘူရီမြို့ ဘန်းဖိုဒေသတွင် မြန်မာနှစ်ဦးလမ်းဖြတ်ကူးစဉ် ပစ်ကပ်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများသည် အသက် ၁၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုထားသည်။ ပစ်ကပ်ကားမောင်းသမားက အလုပ်ပြီး၍ အိမ်သို့ ပြန်လာစဉ် လူနှစ်ဦး ရုတ်တရက် လမ်းဖြတ်ကူးလာပြီးနောက် ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်ဟုဝန်ခံထားကြောင်း သတင်းများတွင် ဖော်ပြသည်။ လမ်းတစ်လျှောက်သည် မှောင်လွန်းနေသဖြင့် လမ်းဖြတ်ကူးလာသူများကို မမြင်လိုက်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ကားတိုက်ခံရပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး အသက်ကယ်နည်း CPR ပြုလုပ်ကုသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားနှစ်ဦးသည် လမ်းတစ်ဖက်ရှိ ဆိုင်တွင် မုန့်ဝယ်ရန် […]

မလေးရှားသွားမည့် ကလေးသုံးဦးအပါအဝင် မြန်မာ ၈၀ကျော် ထိုင်းတွင်ဖမ်းဆီးခံရ

Dawei Watch

July 24, 2024

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် ဝင်လာကြသော မြန်မာနိုင်ငံသား ၈၅ ဦး ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်တွင် ဇူလိုင်လ ၂၃ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖက်ချ်ဘူရီခရိုင် ထာ့ယမ်ဒေသရှိ အိမ်တစ်ဆောင်၏ အနောက်က တောထဲတွင် နိုင်ငံခြားသားများ အုပ်စုလိုက် နေထိုင်နေကြသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူ ၈၅ ဦးတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် အရွယ်မရောက်သေးသော ကလေး သုံးဦး ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အားလုံးကို စစ်ဆေးမေးမြန်းရန်အတွက် ထာ့မိုင်လိုဝက်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါမြန်မာများသည် မြဝတီမှ မဲဆောက်သို့ တရားဝင် ဝင်ရောက်လာပြီး ယင်းနောက် […]