ထိုင်းတွင် ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်
Dawei Watch
October 18, 2024ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Central Plaza ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်ထားပြီး ခြိမ်းခြောက်သူကို အမြန်ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ ခြိမ်းခြောက်သူ၏ လူမှုကွန်ရက်အကောင့် ပရိုဖိုင်အမည် (Profile) သည် ရှမ်းဘာသာစကားဖြင့် ရေးသားထား၍ မြန်မာနိုင်ငံသားဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။ “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် […]