BREAKING
April 19, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ

Dawei Watch

November 3, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ဦးကို နိုဝင်ဘာလ ၁ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗဟိုဌာနက ထုတ်ပြန်သည်။ ကောက်လယိုဒေသက အဝေးပြေးလမ်းမပေါ် မောင်းနှင်လာသော ဗန်ကားသုံးစီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ပြီး အထောက်အထားစာရွက်များ မရှိကြကြောင်း ဖော်ပြသည်။ ကြားခံပွဲစားမှတစ်ဆင့် မဲဆောက်မြို့မှ ချင်းရိုင်မြို့သို့ ရောက်ရှိလာကြပြီး ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီခရိုင်သို့ ကားများဖြင့် သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုထားကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားသုံးဦးကိုလည်း ဖမ်းမိခဲ့ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင်ဘတ် ငါးထောင် မှ တစ်သောင်းအထိ ရရှိသဖြင့် သွားရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း […]

နှစ်ရှည်ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူငါးသိန်းခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟုဆို

Dawei Watch

October 30, 2024

ထိုင်းနိုင်ငံတွင် နှစ်ရှည်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများနှင့် ထိုင်းတွင် နှစ်ရှည်အခြေချနေထိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရသေးသည့် လူနည်းစုမိဘများမှ မွေးဖွား လာသော ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၉ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးရန် သင့်လျော်မှုရှိသည်ဟု အစိုးရအဖွဲ့အနေဖြင့် ခံစားမိကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ပြောသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသားဖြစ်လာပါက နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး […]

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

Dawei Watch

October 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တလင်းချန်းနယ်မြေတွင် မြန်မာအလုပ်သမားများ အချင်းချင်း အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ဓါးဖြင့်ထိုး၍ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယမန်နေ့ (အောက်တိုဘာ ၂၈) ည ၁၁ နာရီအချိန်ခန့်က အလုပ်ပြီးချိန် အသက် ၂၇ နှစ် အရွယ် သူငယ်ချင်းလေးဦး အခန်းထဲ အရက်အတူတူစုသောက်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ အပြင်းအထန်ရရှိထား၍ စီရရတ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်သော အခန်းထဲတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် ပုံစံကို တွေ့ရပြီး ဓါးနှစ်ချောင်းကို လည်း တွေ့ရှိခဲ့သဖြင့် သက်သေသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အရက်မူးလာကြပြီးနောက် အချင်းချင်းစကားများ […]

ခယောင်းလမ်းပေါ်က ယုံကြည်ချက် ခြေလှမ်းများ

Dawei Watch

October 29, 2024

မီးရောင်စုံထွန်းထားသည့် ထိုင်းတောင်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးနှင့် သန့်ရှင်းရေးအလုပ်များ လုပ်ကိုင်နေသည့် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နှင့် တက်ကြွဖျတ်လတ်ဟန်ရှိသည့် အမျိုးသမီးတစ်ဦး။ ယင်းအမျိုးသမီးမှာ ၂၀၂၁ စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဒေါ်မေ (အမည်လွှဲ) ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း ဒေါ်မေသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်ပြီးအလုပ်လုပ်ရန် လိပ်ပြာမလုံတော့သည့်အတွက် သူမြတ်နိုးစွာရွေးချယ် လုပ်ကိုင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအလုပ်ကို စွန့်လွှတ်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟုဆိုသည်။ ဒေါ်မေက စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် မိခင်ဌာနဆီ ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။ အလုပ်ထွက်ပြီးနောက် ပြည်တွင်းတွင် ဆက်နေရန် အဆင်မပြေတော့သည့်အဆုံးတွင် ထိုင်းနိုင်ငံသို့ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုင်းနိုင်ငံသို့ရောက်လာချိန်တွင် အခက်အခဲပေါင်းများစွာက သူမကို ဆီးကြိုနေပြီး ကျွမ်းကျင်သည့် အလုပ်ဖြင့် အသက်မွေးခွင့်မရတော့ပေ။ နေထိုင်လုပ်ကိုင်ခွင့်နှင့် ပတ်သက်သည့်အထောက်အထားမရှိသေးသည့်အတွက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီရှိ ညီမတစ်ဝမ်းကွဲ၏ အိမ်တွင်နေထိုင်ပြီး […]

ဘန်ကောက်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ လက်ဝတ်လက်စားများပျောက်ဆုံး

Dawei Watch

October 28, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြိုအနီး အုန်းနွဲ့ အုန်းယိုင်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦး အခန်းထဲ တစ်ဦးတည်းရှိနေစဉ် အသတ်ခံရပြီး ၎င်းပိုင်ဆိုင်သော လက်ဝတ်လက်စား ရွှေထည်များ ပျောက်ဆုံးနေကြောင်း အဆိုပါအမှုကို လိုက်ပါကူညီ ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အသတ်ခံရသူသည် အသက် ၃၀နှစ်အရွယ် မသီရိမွန်ဖြစ်ပြီး ဘောပင်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က တစ်ဦးတည်းရှိနေစဉ် အမျိုးသားတစ်ဦးက အခန်းထဲသို့ ဝင်သွား ပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများနှင့် ရဲတပ်ဖွဲ့၏ အမှုစစ်ဆေးမှုများအရ သိရသည်ဟု အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ၏ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောသည်။ ဦးခေါင်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး လက်ဝတ်လက်စားများလည်း […]

ထိုင်းတွင် ဓါတုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး

Dawei Watch

October 27, 2024

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ ဓာတုစက်ရုံတွင် အောက်တိုဘာ ၂၆ ရက်‌နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်းထွန်းစက်မှုဇုန်ထဲရှိ Xiao Xiang Non-Ferrous Metal ကုမ္ပဏီ၏ ဓါတုစက်ရုံတွင် နံနက် ၉ နာရီခန့်က အလုပ်သမားများ ဓါတုပစ္စည်းများ ရောနှောနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဓါတုကန်ထဲ ပြုတ်ကျသေဆုံးခဲ့ပြီး နောက်ထပ် အလုပ်သမား ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ထိုင်းနိုင်ငံတော်ပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။ သေဆုံးနှင့် ဒဏ်ရာရရှိသော မြန်မာအလုပ်သမားများကို ကဘင်ဘူရီဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ စက်ရုံထဲတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားအလုပ်သမား ၂၃၂ ဦး အလုပ်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာ […]

ချင်းမိုင်တွင် MoU မြန်မာလုပ်သားများ လုပ်အားခ ဘတ် ၄ သိန်းကျော်မရ

Dawei Watch

October 26, 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော MoU မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၄ သိန်းကျော် မရရှိသဖြင့် အခက်အခဲဖြစ်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၁၆ ဦးကို မြန်မာအေဂျင်စီဖြစ်သော GREAT SILVER LAND အေဂျင်စီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင် ဘန်ကောက်မြို့သို့ လေကြောင်းလိုင်းမှတစ်ဆင့် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားသော်လည်း ဒွန်မောင်းလေဆိပ်ရောက်သောအခါ ထိုင်းအလုပ်ရှင်ဖြစ်သူက ၎င်းတွင် အလုပ်မရှိသေးသဖြင့် ချင်းမိုင်ရှိ SMC ဆောက်လုပ်ရေးဆိုဒ်တွင် ခေတ္တသွားရောက်လုပ်ကိုင်ကြရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အလုပ်သမားများသည် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် […]

စစ်ကောင်စီက နိုင်ငံခြားငွေရရန် ထိုင်းရောက် MOU လုပ်သားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေး

Dawei Watch

October 25, 2024

နိုင်ငံခြားငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသော စစ်ကောင်စီက ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေးမှုများ စတင်လုပ်ဆောင်နေကြောင်း အလုပ်သမားများထံမှသိရသည်။ မြန်မာပြည်တွင်းရှိ မိသားစုဝင်များထံသို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ဘဏ်နှင့် ငွေလွှဲလုပ်ငန်းများ မှတစ်ဆင့် ပြန်လွှဲကြရန် မြန်မာအလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများက ဖိအားပေးခိုင်းစေနေကြောင်း ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် လုပ်ကိုင်နေသော MoU အလုပ်သမားများက ဆိုသည်။ “စက်ရုံဘက်က အဲလောက်အထိ မတင်းကြပ်ဘူး။ အေဂျင်စီဘက်က ပိုတင်းကြပ်တာ။ ကျွန်တော်တို့ ပိုက်ဆံမလွှဲဘူးဆိုရင် စက်ရုံက ဝန (အလုပ်သမားခေါင်းဆောင်) နဲ့လာပြီး ပြောမယ်။ အလုပ်ထုတ်ပလိုက်မယ် ဆိုတာမျိုးပေါ့။ အဲလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတော့ ရှိတယ်” ဟု MoU အလုပ်သမားတစ်ဦးက ဆိုသည်။ မိသားစုများထံသို့ ငွေလွှဲပေးပို့ပြီးပါက လွှဲပြီးကြောင်းပြေစာများကို သက်ဆိုင်ရာ […]