BREAKING
April 16, 2025

ရွှေ့ပြောင်းလုပ်သား

ပန်းရောင်ဘတ်အသစ်များ ဒီဇင်ဘာ ၃၀ ရက်မတိုင်ခင် လျှောက်ခွင့်ပေးမည်ဟု ထိုင်းအစိုးရကြေညာ

Dawei Watch

November 27, 2024

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ရရှိစေမည့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ အထောက်အထားမဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးရန် ပြီးခဲ့သော စက်တင်ဘာလ ၂၄ ရက်နေ့ ထိုင်းဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုထားပြီးဖြစ်သည်။ လက်ရှိတွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကလည်း လက်မှတ်ထိုးပေးပြီးဖြစ်ကာ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ထံသို့ လက်မှတ်ထိုးရန် တင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Ms. Traisuli Traisarankul ကဆိုသည်။ အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးမည့်သူများမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ကြိတ်စက်ထဲ လက်ဝင်သွား၍ အရေးပေါ်ကယ်ဆယ်

Dawei Watch

November 26, 2024

ထိုင်းနိုင်ငံ နခွန်နယွတ်ခရိုင်ရှိ ဝက်သားဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး အလုပ်လုပ်နေရင်း မတော်တဆဖြစ်ပြီး အသားကြိတ်စက်ထဲ လက်ဝင်သွားသဖြင့် အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၂၄ ရက်နေ့က နခွန်နယွတ်စည်ပင်သာယာဈေးထဲက ဝက်သားဆိုင်တွင် လုပ်ကိုင်နေသော မြန်မာလူငယ်အမျိုးသားတစ်ဦးသည် အသားကြိတ်စက်ထဲ ညာဘက်လက်ဝင်သွားခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အကူအညီတောင်းခံခဲ့ရသည်။ အသက် ၂၆ နှစ်အရွယ် မြန်မာအလုပ်သမားမှာ ကယ်ဆယ်ရေးများ ရောက်လာသည်အထိ ကြိတ်စက်တွင် လက်ညပ်လျက်အနေအထားဖြင့် စောင့်ဆိုင်းနေကြောင်း၊ စက်ကျွမ်းကျင်သူမှာလည်း အလုပ်မလာသဖြင့် ကယ်ဆယ်ရေး ပိုမိုခက်ခဲခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက ကြိတ်စက်ကို ၂ နာရီခန့်ကြာအောင် တစ်စစီဖြတ်တောက် ကယ်တင်နိုင်ခဲ့ကြောင်း စက်ကို ဖြတ်ထုတ်နေချိန်တွင် မြန်မာအလုပ်သမားက အားနည်းလာကာ နာကျင်နေသဖြင့် ဆေးသွင်းပေးကာ ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် နခွန်နယွတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း […]

လက်ချောင်းပြတ်သူ၊ အုန်းပင်တက် မွေးကင်းစကလေးအမေ – အန္တရာယ်ကြားမှ ထိုင်းရောက်အလုပ်သမများ

Dawei Watch

November 25, 2024

ထိုင်းကို ရောက်သည်မှာ ၂ နှစ်ကျော်သာရှိသေးသည့် အသက် နှစ်ဆယ်ကျော်အရွယ် မမြင့်တစ်ယောက် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးထားရပြီဖြစ်သည်။ ရန်ကုန်တွင် အထည်ချုပ်လုပ်ခဲ့ဖူးသည့် မမြင့် (အမည်လွှဲ) က ပဲခူးတိုင်းဇာတိဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်လာပြီး တရားဝင်အထောက်အထားမရှိသေးသည့်အတွက် ပထုံဌာနီရှိ ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် စက်ဖြင့်သံပြားဖောက်ရသည့်အလုပ်ကို ဝင်လုပ်ခဲ့ရသည်။ အန္တရာယ်များသည့် လုပ်ငန်းခွင်ဖြစ်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။ အလုပ်ဝင်ပြီး မကြာမီတွင်ပင် လုပ်ငန်းခွင် မတော်တဆမှုတစ်ခုအတွင်း လက်ချောင်းနှစ်ချောင်းဆုံးရှုံးလိုက်ရသည်။ “ကျွန်မအလုပ်က ခြေနင်းကို နင်းပြီး အပေါ်ကနေ စက်နဲ့ ရိုက်ချပြီး သံပြားတွေကို အပေါက်ဖောက်ရတာ။ အဲဒီမှာ စက်ချို့ ယွင်းပြီး မနင်းဘဲ သူ့ဘာသာသူကျလာတဲ့အချိန် လက်ကို ထိတာပဲ။ လက်က သုံးချောင်းထိတာ။ အဲဒီမှာ လက်နှစ်ချောင်းက ဖြတ်လိုက်ရတယ်။ တစ်ချောင်းက […]

ငွေလိမ်ခံရမှုများလာ၍ အလုပ်မရခင် ငွေကြိုမပေးရန် ထိုင်းရောက် မြန်မာများကိုတိုက်တွန်း

Dawei Watch

November 25, 2024

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ဘတ်ငွေသန်းချီအထိ အလိမ်ခံရမှုများ ရှိလာရသဖြင့် အလုပ်မရခင် အလုပ်လျှောက်ထားခများကို ကြိုမပေးကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။ ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမားများသည် အလုပ်လျှောက်ထားခနှင့် စာရွက်စာတမ်းကြေးများအတွက် ဘတ်ငွေ သိန်းဆယ်ချီ ကြိုတင်ပေးဆောင်ခဲ့သော်လည်း ထိုင်းအမျိုးသမီးနှစ်ဦးက လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။ ယင်းသတင်းကို Dawei Watch ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြထားပြီးဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမားအများစုက အလုပ်ရရေး ရှိစုမဲ့စု ငွေကြေးများကို ရှာဖွေချေးငှား၍ ပေးလိုက်ခြင်းဖြစ်သော်လည်း လိမ်လည်ခံလိုက်ရသဖြင့် ထပ်ဆင့် ဒုက္ခရောက်နေကြကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ ထို့ကြောင့် အလုပ်ရှာဖွေချိန် အလုပ်ရရန် မသေချာပါက မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားများကို […]

ဆောင်းအမီ …. စစ်ရှောင်အကူအညီ

Dawei Watch

November 22, 2024

တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်လာမှုနှင့်အတူ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့် ပုံမှန်လိုလိုရှိနေသည်။ စစ်ဘေးရှောင်များလာသလို တစ်ဖက်တွင်လည်း ရာသီအကူးအပြောင်း ရောဂါများ၊ အအေးပိုနိုင်သည့် ဆောင်းရာသီ အခြေအနေများကြောင့် ဆေးဝါး၊ အနွေးထည်နှင့် အမိုးအကာ အပါအဝင် ရိက္ခာလိုအပ်ချက် ပိုများလာနေသည်။ လတ်တလော အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေတွင် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။

မဟာချိုင်တွင် ထိုင်းအမျိုးသမီးနှစ်ဦး မြန်မာလုပ်သားများထံမှ ဘတ်သိန်းဆယ်ဂဏန်းလိမ်

Dawei Watch

November 21, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံတွင်အလုပ်ရမည်ဟုဆိုကာ ထိုင်းအမျိုးသမီးနှစ်ဦးက မြန်မာအလုပ် သမား များထံမှ ဘတ်ငွေသိန်းဆယ်ဂဏန်း လိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အမှုကိုလိုက်ပါကူညီဖြေရှင်းပေးနေ သော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် အေကချိုင်လမ်းရှိ စက်ရုံတစ်ရုံတွင် အလုပ်သွားလျှောက်သောအခါ စက်ရုံရှိ ထိုင်းအမျိုးသမီး နှစ်ဦးက နိုဝင်ဘာလ ၂၀ရက်တွင် အလုပ်ဝင်ရမည်ဟုပြောပြီး ငွေကြေးကြိုတင်တောင်းယူခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ အထောက်အထားမရှိသော မြန်မာများကို ဘတ်ခုနစ်ထောင် ကြိုတင်ကောက်ခံခဲ့ပြီး စာရွက်စာတမ်းပြည့်စုံသူများကို ဘတ် ၃၅၀၀ ကြိုတင်ကောက်ခံခဲ့ကြောင်း AAC ထံမှ သိရသည်။ ယင်းစက်ရုံတွင် အလုပ်လျှောက်ခဲ့သော မြန်မာအလုပ်သမား ၁၄၉ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြသည်။ စာရင်းမရသေးသည့် မြန်မာအလုပ်သမားများ ဆက်လက်ရှိနေပြီး လက်ရှိစာရင်းရထားသူများကို တွက်ချက်မှုအရ ဘတ်သိန်း […]

ဘန်ကောက်တွင် အီးစီးကရက်ထုတ်အလုပ်ရုံက မြန်မာအမျိုးသမီး ၂၀ကျော် ဖမ်းဆီးခံရ

Dawei Watch

November 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ အီးစီးကရက် (E-cigarette) ထုတ်လုပ်နေသော အလုပ်ရုံတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီး ၂၂ ဦး နိုဝင်ဘာလ ၁၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အီးစီးကရက်များ တရားမဝင် ထုတ်လုပ်နေကြောင်း သတင်းရသဖြင့် ထိုင်းအာဏာပိုင်များက ဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးစဉ် အလုပ်ရှင် တရုတ်သူဌေးနှင့်အတူ မြန်မာနိုင်ငံသားများကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အလုပ်ရုံ၏အရှေ့တွင် အလှပြင်ဆိုင်ကဲ့သို့ မိတ်ကပ်စသော အလှကုန်ပစ္စည်းများကို ပြသထားသော်လည်း ဆိုင်အနောက်တွင် ထိုင်းဥပဒေအရ တားမြစ်ထားသော အီးစီးကရက်များကို ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။ စစ်ဆေးစဉ် တရုတ်နိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့် မြန်မာအမျိုးသမီး ၂၂ ဦးတို့ အလုပ် လုပ်ကိုင်နေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အလုပ်ရုံထဲတွင် အီးစီးကရက် ၃၅၀၀ […]

ဘန်ကောက်အနီး ကားတိမ်းမှောက်ပြီး မြန်မာခုနစ်ဦးသေဆုံး

Dawei Watch

November 20, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားခုနစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုံခရိုင် ဘန်လင်းဒေသ ကော့ရေ့ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့တွင် ယနေ့ နိုဝင်ဘာလ ၂၀ရက် နံနက် မိနစ် ၃၀ ခန့် (နိုဝင်ဘာလ ၁၉ရက် ညသန်းခေါင်ကျော်) က ကားတိမ်းမှောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကားမရပ်ဘဲ မောင်းထွက်ပြေးပြီးနောက် လမ်းကွေ့အရောက် တွင် အရှိန်မထိန်းနိုင်ဘဲလမ်းမီးတိုင်ကို ဝင်တိုက်ကာ လမ်းဘေးမြောင်းထဲ ထိုးဆင်းခဲ့ကြောင်း ဆိုသည်။ ကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း မြန်မာနိုင်ငံသား ခုနစ်ဦးစလုံး သေဆုံးကြောင်း ရေးသားထားသည်။ ကားမောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနံဘေးတွင် နောက်ထပ် မြန်မာတစ်ဦးကိုလည်း သေဆုံးလျက်တွေ့ရကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအမျိုးသမီးငါးဦးမှာ […]