BREAKING
April 16, 2025

ရွှေ့ပြောင်းလုပ်သား

မိသားစုတိုင်းရှင်သန်ဖို့ အိမ်နဲ့မကွာ ပုန်းဖိုစို့ (PSA 2)

Dawei Watch

December 1, 2024

မမြင်နိုင်တဲ့နေရာက ကျရောက်လာမယ့် အန္တရာယ်တွေကို ကျမတို့ ဘယ်လိုကာကွယ်ကြမလဲ။ မိသားစုတိုင်းအတွက် “အိမ်နဲ့မကွာ ပုန်းခိုရာ” ဗုံးခိုကျင်း တခု ရှိဖို့တော့လိုလိမ့်မယ်။ ကဲ..ဗုံးခိုကျင်းတခုတူးတော့မယ်ဆိုပါစို့ – သင် ဒါတွေ သိထားပြီးပြီလား?

မိသားစုတိုင်းရှင်သန်ဖို့ အိမ်နဲ့မကွာ ပုန်းဖိုစို့

Dawei Watch

November 30, 2024

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကျရောက်မှုတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။ မျက်စိနဲ့မြင်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့ လွယ်ပေမယ့် ရုတ်တရက် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဗုံးခိုကျင်းတူးဖော်နည်းတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗီဒီယိုတွေမှာ အခြေခံ ဗုံးခိုကျင်းတည်ဆောက်နည်းတွေကို အဆင့်ဆင့် လေ့လာသွားကြမှာပါ။ နောက်ထပ်ဗီဒီယိုတွေမှာ အသေးစိတ်ဖော်ပြသွားမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ လူတွေအနေနဲ့လည်း အောက်ပါလင့်မှာလည်း Download လုပ်ရလွယ်ကူအောင် တင်ပေးသွားမှာဖြစ်ပါတယ်။

မဟာချိုင်က ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုတွင် မြန်မာလေးဦးသေဆုံး

Dawei Watch

November 29, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် သေဆုံးသူ၏ မိသားစုဝင်တို့၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၄ နာရီခန့်က မဟာချိုင်ဈေးသစ်အနီးရှိ ဖလန်စောင်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း စမွတ်စခွန် ပြန်ကြားရေးဌာနက ယနေ့နံနက် ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ သေဆုံးသူအရေအတွက် ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဆိုသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ ကိုချစ်ကိုကို၊ ကိုဧရာ၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းဌေးတို့ဖြစ်ကြပြီး ကိုချစ်ကိုကိုနှင့် ကိုဧရာတို့၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျန်နှစ်ဦးသည် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]

ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရမှု မြန်မာ ၈ ဦး ပါဝင်

Dawei Watch

November 28, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်း-တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၈ ဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်မြို့အတွင်းနှင့် စန်စိုင်း၊ စန်ကန်ဖေးရပ်ကွက်များရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသော အိမ် ၁၁ လုံးကို ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က နိုဝင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အမှုနှင့် သက်ဆိုင်နေသော တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား၂ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၈ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများတွင် ဝရမ်းထုတ်ထားသော ထိုင်းအမျိုးသမီး Jirapan လည်း ပါဝင်ခဲ့ပြီး အိမ်ငှားမှု၊ အွန်လိုင်းငွေလိမ်မှုနှင့်ပက်သက်သော ဆက်စပ်ပစ္စည်းများအတွက် အဓိက တာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသူများသည် […]

Podcast: ဆောင်းအမီ … စစ်ရှောင်အကူအညီ

Dawei Watch

November 28, 2024

တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်လာမှုနှင့်အတူ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့် ပုံမှန်လိုလိုရှိနေသည်။ စစ်ဘေးရှောင်များလာသလို တစ်ဖက်တွင်လည်း ရာသီအကူးအပြောင်း ရောဂါများ၊ အအေးပိုနိုင်သည့် ဆောင်းရာသီ အခြေအနေများကြောင့် ဆေးဝါး၊ အနွေးထည်နှင့် အမိုးအကာ အပါအဝင် ရိက္ခာလိုအပ်ချက် ပိုများလာနေသည်။ လတ်တလော အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေတွင် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။

ထိုင်းတွင် ကရင်ကျောင်းသား ၂၀ နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

Dawei Watch

November 28, 2024

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စဝမ်ဖုန်ဒေသရှိ ထိုင်းအစိုးရ စာသင်ကျောင်းတွင် ပညာသင်ယူနေသော ကရင်ကျောင်းသား ၂၀ နီးပါးကို ထိုင်းကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကျောင်းသား ၉ ဦးကို ကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အရေးယူပေးရန် ကျောင်းသားမိဘများက စဝမ်ဖုန်ရဲစခန်းထံ နိုဝင်ဘာလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။ ယင်းနောက် ကျောင်းဆရာကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝရမ်းထုတ် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးရာမှ ကျူးလွန်ခံရသော ကျောင်းသား (အမျိုးသား)ဦးရေ ၁၇ ဦးအထိ တိုးလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကျောင်းသားမိဘ ၁၂ ဦးက တိုင်ချက်ဖွင့်ထားပြီး နောက်ထပ် ၅ ဦးကလည်း တိုင်ချက်ဖွင့်ရန် […]

မဟာချိုင်က မြန်မာလုပ်သားများထံမှ ငွေလိမ်သွားသည့် ထိုင်းအမျိုးသမီးနှစ်ဦး လာအဖမ်းခံ

Dawei Watch

November 27, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ စက်ရုံတွင် အလုပ်ဝင်ရမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်သိန်းဆယ်ချီ လိမ်လည်သွားသော ထိုင်းအမျိုးသမီးနှစ်ဦး နိုဝင်ဘာ ၂၅ ရက်နေ့က ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ယင်းထိုင်းအမျိုးသမီးနှစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ခွန့်ခမ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် လေးရက်အကြာတွင် ရဲစခန်း၌ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “သူတို့ ဘာကြောင့် ဒီငွေတွေကို လိမ်ရလဲဆိုတာနဲ့ပတ်သက်ပြီး တရားရုံးမှာ သက်သေထွက်ဆိုဖို့ သူတို့အိမ်နံပါတ်နဲ့ ရဲစခန်းက စာပို့တော့ သူတို့ကိုယ်တိုင်လာအဖမ်းခံတာ” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမား […]

ဆောင်းအမီ …. စစ်ရှောင်အကူအညီ

Dawei Watch

November 27, 2024

တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်လာမှုနှင့်အတူ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့် ပုံမှန်လိုလိုရှိနေသည်။ စစ်ဘေးရှောင်များလာသလို တစ်ဖက်တွင်လည်း ရာသီအကူးအပြောင်း ရောဂါများ၊ အအေးပိုနိုင်သည့် ဆောင်းရာသီ အခြေအနေများကြောင့် ဆေးဝါး၊ အနွေးထည်နှင့် အမိုးအကာ အပါအဝင် ရိက္ခာလိုအပ်ချက် ပိုများလာနေသည်။ လတ်တလော အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေတွင် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။