BREAKING
April 15, 2025

ရွှေ့ပြောင်းလုပ်သား

စစ်ကောင်စီတပ်က ဖမ်းထားသော ထိုင်းငါးဖမ်းလုပ်သား လေးဦးကိုပြန်လွှတ်

Dawei Watch

December 6, 2024

မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ထိုင်းငါးဖမ်းသမားလေးဦးကို မနေ့ (ဒီဇင်ဘာ ၅) ညပိုင်းတွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လိုက်သည်။ မနေ့ ညနေ ၅ နာရီအချိန်ခန့်က စစ်ကောင်စီ၏ ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိ ဦးချစ်ဆွေက ထိုင်းငါးဖမ်းလုပ်သား လေးဦးကို ပြန်လွှတ်ပေးမည်ဟု ထိုင်းအစိုးရထံ အကြောင်းကြားပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံသားလေးဦးသည် ကော့သောင်းနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြန်လွှဲရေး လုပ်ငန်းစဉ်များကို နယ်ခြားကော်မတီများက ဆွေးနွေးနေကြကာ ယနေ့ထိုင်းဘက်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်ထားကြသည်။ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ရနောင်းနယ်စပ်သို့ ရောက်ရှိနေကြပြီး ပြန်လွတ်လာသူများကို ကူညီနိုင်ရေး အဆင်သင့်ပြင်ထားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း စစ်ကောင်စီဘက်က သိမ်းဆည်းထားသော ငါးဖမ်းလှေနှင့် မြန်မာငါးဖမ်းသမားများကို ပြန်လွှတ်ပေးခြင်းရှိမရှိ မသိရသေးပေ။ ဒီဇင်ဘာလ ၃ […]

MoU လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးမည့်အစီအစဉ်ကို အလုပ်သမားအဖွဲ့များက ကန့်ကွက်စာပို့

Dawei Watch

December 5, 2024

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများကို MoU လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုး‌ပေးမည့် ထိုင်းအစိုးရ၏ အစီအစဉ်အပေါ် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များက ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။ မြန်မာအပါအဝင် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးလုပ်ငန်းစဉ်ကို MoU စနစ်ဖြင့် ပြုလုပ်ပေးမည့်အပေါ် ကန့်ကွက်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၄)က ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း တင်ပြခဲ့သေးကြောင်း အဖွဲ့များထံမှ သိရသည်။ မြန်မာစစ်ကောင်စီသံရုံးက ပါဝင်ခြင်းမရှိသော အဆိုပါဆွေးနွေးပွဲကို ထိုင်းလုပ်ငန်းရှင်များအသင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများက MoU လုပ်ငန်းစဉ်အကြောင်း၊ စစ်ကောင်စီ၏ ဘန်ကောက်ရှိ မြန်မာသံရုံးကို အခွန်ပေးဆောင်ရမည့်အကြောင်းကို တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဆွေးနွေးပွဲပြီးနောက် ညနေပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC)၊ […]

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ

Dawei Watch

December 5, 2024

ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။

အခက်အခဲများစွာဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆေးကုသခွင့်

Dawei Watch

December 5, 2024

တနင်္သာရီတိုင်းက ကျေးလက်ဒေသတွေမှာ ပြည်သူတွေရဲ့ ဆေးဝါးကုသနိုင်ခွင့်ဟာ နည်းသထက် နည်းလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။ ကျန်းမာရေး တစ်ခုခုဖြစ်လာရင် ဆေးဝါးကုသနိုင်ဖို့ အခက်အခဲများစွာကို ကျော်ဖြတ်ကြရပါတယ်။

မိသားစုတိုင်းရှင်သန်ဖို့အိမ်နဲ့မကွာပုန်းခိုစို့

Dawei Watch

December 5, 2024

မင်္ဂလာပါ မိတ်ဆွေတို့ရေ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ကိုယ့်မိသားစုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ အရမ်းအရေးကြီးလာပြီနော်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ အရေးပေါ်ခိုလှုံစရာ နေရာလေးတွေ ဘယ်လိုဆောက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ လူတိုင်း လွယ်လွယ်ကူကူ နားလည်အောင်လို့ ရုပ်ပုံတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ ဒီအတိုင်း တစ်ဆင့်ချင်းစီ လုပ်သွားရင် မိသားစုအတွက် စိတ်ချရတဲ့ ခိုလှုံစရာနေရာ တစ်ခု ရရှိမှာပါ။ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Telegram Channel မှာ ဆက်တင်ပေးသွားမှာမို့ အောက်က Link လေးကနေ Join ထားပေးကြပါဦးနော်။ https://t.me/Building_Underground_Shelter_Bot

ထိုင်းရောက်မြန်မာလုပ်သားများထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ကောက်ရန် စစ်ကောင်စီပြင်ဆင်ထား

Dawei Watch

December 4, 2024

အလုပ်လုပ်ခွင့်လက်မှတ်(work permit) သက်တမ်းတိုးချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများ ထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ရရှိစေရန် စစ်ကောင်စီ၏ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက စီစဉ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးခြင်း၊ ပန်းရောင်ဘတ်အသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ (ဒီဇင်ဘာ ၄) ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ စစ်ကောင်စီဘက်မှ မပါဝင်သည့် ယင်းဆွေးနွေးပွဲတွင် ထိုင်းလုပ်ငန်းရှင်များ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနှင့်မြန်မာအလုပ်သမား ကူညီရေးအသင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် MoU စနစ်ဖြင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားအရေအတွက် နှစ်သန်းကျော်ရှိပြီး မြန်မာစစ်ကောင်စီထံသို့ ပေးရမည့်အခွန်ငွေ ဘတ်သန်း ၅၀၀၀ ခန့်အထိရှိနေသည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ MoU နဲ့ သက်တမ်းတိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြိတ်အနယ် […]

ကန်ချနဘူရီတွင် မြန်မာကိုးဦးဖမ်းဆီးခံရ၊ နေအိမ်တွင် ကျည်ဆန်များတွေ့ဟုဆို

Dawei Watch

December 3, 2024

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့တွင် မြန်မာနိုင်ငံသားကိုးဦး ဒီဇင်ဘာလ ၂ရက် ညက ဖမ်းဆီးခံရပြီး ၎င်းတို့နေထိုင်သည့် နေအိမ်တွင် ကျည်ဆန်အတောင့် သုံးထောင်ခန့်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီရဲတပ်ဖွဲ့ဝင်များက ဘန်းကောင်ဒေသတွင် ည ၇ နာရီခန့်က ကင်းလှည့်စစ်ဆေးနေစဉ် မှောင်ရိပ်ထဲ ရှိနေသော မြန်မာအမျိုးသားကိုးဦးကို တွေ့ရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့တွင် တရားဝင် နေထိုင်ခွင့် အထောက်အထားစာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားများသည် အိမ်တစ်ဆောင်တွင် ယာယီနေထိုင်နေသည်ဟု ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးစဉ် စက္ကူဘူးများဖြင့် သိမ်းထားသော ကျည်ဆန်အတောင့် ၂၇၅၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများအနက် တစ်ဦးကို လက်နက်အမှု၊ တရားမဝင် […]

မိသားစုတိုင်းရှင်သန်ဖို့ အိမ်နဲ့မကွာ ပုန်းဖိုစို့ (PSA 2)

Dawei Watch

December 1, 2024

မမြင်နိုင်တဲ့နေရာက ကျရောက်လာမယ့် အန္တရာယ်တွေကို ကျမတို့ ဘယ်လိုကာကွယ်ကြမလဲ။ မိသားစုတိုင်းအတွက် “အိမ်နဲ့မကွာ ပုန်းခိုရာ” ဗုံးခိုကျင်း တခု ရှိဖို့တော့လိုလိမ့်မယ်။ ကဲ..ဗုံးခိုကျင်းတခုတူးတော့မယ်ဆိုပါစို့ – သင် ဒါတွေ သိထားပြီးပြီလား?