စစ်ကောင်စီက ဖမ်းထားသည့်ထိုင်းနှင့်မြန်မာ ရေလုပ်သားများကို ထောင်လေးနှစ်စီချ
Dawei Watch
December 16, 2024ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနှင့်မြန်မာ ရေလုပ်သားသုံးဆယ်ကျော်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်လေးနှစ်စီနှင့် ဒဏ်ငွေများချမှတ်ခဲ့ကြောင်း တံငါသည်များ အခွင့်အရေးကွန်ရက်နှင့် ရေလုပ်သားမိသားစုဝင် အချို့ထံမှ သိရသည်။ မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ကော့သောင်းမြို့ရှိ တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာရေစပ် တနင်္သာရီတိုင်း ဇာဒက်ကြီးကျွန်းဝန်းကျင်ရှိ သံကျွန်းအနီးတွင် ထိုင်းငါးဖမ်းလှေ(ဝါတန်း) လေးစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် စစ်ကောင်စီတရားရုံးက ဖမ်းဆီးထားသည့် မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၃ ဦးကို ထောင်ဒဏ် ၄ နှစ်စီနှင့် ဒဏ်ငွေအဖြစ် ဘတ်နှစ်သောင်း […]