BREAKING
April 13, 2025

ရွှေ့ပြောင်းလုပ်သား

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးမှု အချိန်မီမပြီးနိုင်ဟု ထိုင်းလွှတ်တော်တွင် ဆွေးနွေး

Dawei Watch

December 27, 2024

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် ရွှေ့ပြောင်းအလုပ်သမားများ Work Permit သက်တမ်းတိုးရန် အချိန်တစ်လကျော်သာ ကျန်ရှိနေပြီး အချိန်မီမပြီးနိုင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ထိုင်းလွှတ်တော်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ လက်ရှိအချိန်အထိ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်ကို မစတင်နိုင်သေးသည့်အပေါ် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ် မေးမြန်းခဲ့မှုကို ဆွေးနွေးရာတွင် ယင်းအချက်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီဖြစ်သော People Party ပါတီ၏ လွှတ်တော်အမတ်တစ်ဦးက ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် MoU လုပ်ငန်းစဉ်ဖြင့် သတ်မှတ်ခြင်းသည် ပုံမှန်လုပ်ငန်းစဉ်များထက် အချိန်ပိုကုန်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။ မြန်မာအလုပ်သမားများအနေဖြင့် သက်တမ်းတိုးလုပ်ဆောင်ရမည့် အဆင့် ၉ ဆင့်အထိ ရှိနေသဖြင့် သတ်မှတ်အချိန် တစ်လကျော်ထဲ အချိန်မီမပြီးနိုင်ခြင်းကြောင့် […]

ဘန်ကောက်မှာ ဟင်းအော်ဒါပို့ရင်း တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားနေသူ

Dawei Watch

December 26, 2024

တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာကျောင်းသူတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟင်းအော်ဒါပို့ရင်း ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အောက်မှာ တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အတွက် CDM လုပ်ခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။ ဒဂုံတက္ကသိုလ်မှာ နောက်ဆုံးနှစ် ဇီဝဓာတုဗေဒဘာသာရပ်နဲ့တက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် အားမလျှော့ဘဲ ကြိုးစားရုန်းကန်နေပါတယ်။ ဘယ်လိုရုန်းကန်နေရပါသလဲ။

ထိုင်း ချွန်ဘူရီတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၅၀ ကျော် အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

December 26, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် သကြားစက်ရုံက မြန်မာအလုပ်သမား ၅၀ ကျော်သည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ထုတ်ခံရသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က အကြောင်းပြချက် တိတိကျကျမပေးပဲ ဒီဇင်ဘာလ ၂၀ ရက်မှစ၍ ရုတ်တရက် အလုပ်က ရပ်နားခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ စက်ရုံက လည်ပတ်မှု၊ အလုပ်လုပ်ကိုင်ရမှု နည်းပါးနေသည်ဟု အလုပ်ရှင်ဘက်က အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းမကြားပဲ အလုပ်က ရပ်နားခဲ့ကြောင်း ဆိုသည်။ ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်ဘက်က အလုပ်သမားများကို အလုပ်ရပ်နားလိုပါက ၁၅ ရက် ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး နေ့ချင်းညချင်း အလုပ်ထုတ်ပိုင်ခွင့်မရှိပေ။ ယခု မြန်မာအလုပ်သမားများက […]

ဝမ်းရောဂါကြောင့် နယ်စပ်ပိတ်ထားချိန် မဲဆောက်သို့တရားမဝင်လာသော မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

December 25, 2024

ထိုင်း-မြန်မာနယ်စပ်တွင် ဝမ်းရောဂါကူးစက်ပြန့်နှံ့နေသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်ဘက်က နယ်စပ်လမ်းကြောင်း များကို တင်းတင်းကျပ်ကျပ်ပိတ်ထားချိန် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာသုံးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဝမ်းရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် တာခ့်ရိုင် မဲဆောက်နှင့် မယ်ရမတ်ဒေသများတွင် တရားမဝင် ဝင်ထွက် သွားလာ နိုင်သော နယ်စပ်လမ်းကြောင်းတစ်လျှောက်ကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက ပိတ်ဆို့ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများမရှိစေရေး ထိုင်းတပ်မတော်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က မဲဆောက်နယ်မြေ ထာ့စိုင်လွမ်ဒေသတွင် နယ်ခြားစောင့်စစ်သားများက ကင်းလှည့်နေစဉ် ထိုင်းအမျိုးသမီးတစ်ဦး မောင်းနှင်လာသော အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ ကြောင်း ဖော်ပြသည်။ ကားထဲတွင် ကျောပိုးအိတ်များနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား […]

ထိုင်းတွင် အခြေခံလုပ်အားခများကို တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်

Dawei Watch

December 24, 2024

လာမည့်နှစ်သစ်ကူးဖြစ်သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်းရှိ သတ်မှတ်ခရိုင်အလိုက် အခြေခံလုပ်အားခများကို တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။ နှစ်သစ်ကူးတွင် အခြေခံလုပ်အားခတိုးမြင့်ပေးရေးကို ယမန်နေ့ (ဒီဇင်ဘာ ၂၃)တွင် ကျင်းပခဲ့သော အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပါဝင်သော လုပ်အားခ ကော်မတီအစည်းအဝေးက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ခရိုင်အလိုက် မူလအခြေခံတစ်ရက်လုပ်အားခကို ၇ ဘတ်မှ ၅၅ ဘတ်အထိ ထပ်မံတိုးမြှင့် ပေးလိုက်ခြင်းဖြစ်သည်။ ဖူးခက်၊ ချာချင်စောင်၊ ချွန်ဘူရီ၊ ရယွန်နှင့် စူရတ်ဌာနီခရိုင်ရှိ ကော့စမွေဒေသများတွင် မူလအခြေခံ တစ်ရက်လုပ်အားခကို အများဆုံးဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။ ချင်းမိုင်မြို့နှင့် ဟတ်ယိုင်မြို့များတွင် တစ်ရက်လုပ်အားခ ဘတ် ၃၈၀ အထိ […]

ဝမ်းရောဂါအဖြစ်များနေသဖြင့် တာခ့်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ကို တစ်လယာယီပိတ်မည်ဟုဆို

Dawei Watch

December 23, 2024

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပြန့်ပွားနေသဖြင့် တာခ့်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ် တစ်လ ယာယီပိတ်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောသည်။ ကာလဝမ်းရောဂါပြန့်ပွားလာမှုကို ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနတို့က ပူးပေါင်းဆောင်ရွက်ပြီးနောက် နယ်စပ်ကို ပိတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက်လည်း သတ်မှတ်ကာလအတွင်း ထိုင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဖြတ်သန်းသွားလာခြင်း မပြုကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောဆိုသည်။ ရောဂါပြန့်ပွားနေသည့် ကာလအတွင်း ထိုင်းအစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမည် ဖြစ်ပြီး တစ်လအကြာမှသာ ပြန်လည်စဉ်းစားဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် […]

ထိုင်းတောင်ပိုင်းက ကရင်နှစ်သစ်ကူးပွဲ

Dawei Watch

December 23, 2024

Dawei Watch| ရုပ်သံ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကရင်နှစ်သစ်ကူးနေ့အကြိုပွဲတော်ကို ထိုင်းရောက်ကရင်တိုင်းရင်းသားတွေ ဦးဆောင်ပြီးကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီမှာကျင်းပခဲ့တဲ့ ဒီပွဲတော်ကို ကရင်တိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် မြန်မာတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

December 22, 2024

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) တွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်က ကြိုးဆွဲချသေဆုံးကြောင်း ကော့တောင်ကျွန်းပေါ်ရှိ မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ သေဆုံးသူသည် မကွေးတိုင်း၊ အောင်လံမြို့ဇာတိဖြစ်သည့် အသက် ၂၆နှစ်အရွယ် ကိုဘိုနိုင် ခေါ် ကိုနိုင်နိုင်ထွေးဖြစ်ပြီး ကျွန်းပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ကော့တောင်ကျွန်းတွင် နေထိုင်သည့် မြန်မာတစ်ဦးက ပြောသည်။ ကိုဘိုနိုင်သည် နေထိုင်ရာအိမ်နှင့် မနီးမဝေးရှိ သစ်ပင်တစ်ပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါမြန်မာနိုင်ငံသားက ဆိုသည်။ “သေဆုံးသူ (ရဲ့) အစ်ကိုပြောတာက မနက် ၄နာရီလောက်က သူ့ညီကို မတွေ့လို့ လိုက်ရှာသေးတာ ရှာမတွေ့ဘူးတဲ့။ မနက် ၆နာရီလောက်မှ ကြိုးဆွဲချထားတာ (ကို) လမ်းသွားလမ်းလာ ထိုင်းလူမျိုးတစ်ဦးက တွေ့သွားလို့ သူ့အစ်ကိုဆီ လာပြောတာ” […]