ထိုင်းဘက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး ပြန်ပို့ခံရ
diz_admin
October 28, 2021ယခုလအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကြောင်း သိရှိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကလေးငယ်များအပါအဝင် အလုပ်သမား ၁၉၁ ဦးနှင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကလေးအပါအဝင် စုစုပေါင်း ၁၈၈ ဦး၊ စုစုပေါင်း ၃၇၉ ဦးတို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ သိရသည်။ ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။ “ထားဝယ်နှင့် မြိတ်က ဒီနေ့တစ်ခါတည်း ပို့တယ် […]