BREAKING
April 21, 2025

ရွှေ့ပြောင်းလုပ်သား

ပဋိပက္ခ အတွင်း ကြိုတင်ပြင်ဆင်ခြင်း

diz_admin

January 7, 2022

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။ ထုပ်ပိုးထားဖို့၊ လေကြောင်း ရန်ကာကွယ်နိုင်ဖို့၊ မိသားစုနဲ့ တိုင်ပင် ဆွေးနွေးထားဖို့ အဲဒါတွေကို စုစည်း တင်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ဆူနာမီ အိုမီခရွန်

diz_admin

January 4, 2022

အသစ်တွေ့ထားတဲ့ ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန် ဟာ အားပျော့တယ်ဆိုပေမဲ့ ကူးစက်နှုန်း အရမ်းမြန်လို့ ဆူနာမီအလား တင်စားပြောဆိုနေကြပါတယ်။

အိုမီခရွန် ဆူနာမီ

diz_admin

December 31, 2021

အသစ်တွေ့ထားတဲ့ အိုမီခရွန် ဟာ အရင် ဒယ်တာ ကိုဗစ်မျိုးကွဲထက်တော့ အားပျော့တယ်၊ ဆေးရုံတက်ရနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေ နည်းတယ်လို့ တွေ့ထားပါတယ်။ ဒါပေမဲ့ လူမှုစီးပွား ထိခိုက်မှု ကြီးကြီးမားမား ရှိနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ သူ့ကို ဆူနာမီ အိုမီခရွန်လို့ တင်စားကြပါတယ်။ အဲဒီ အကြောင်း ရုပ်သံကို တင်ဆက်ထားပါတယ်။

အိုမီခရွန် ဆူနာမီ

diz_admin

December 31, 2021

အသစ်တွေ့ထားတဲ့ အိုမီခရွန် ဟာ အရင် ဒယ်တာ ကိုဗစ်မျိုးကွဲထက်တော့ အားပျော့တယ်၊ ဆေးရုံတက်ရနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေ နည်းတယ်လို့ တွေ့ထားပါတယ်။ ဒါပေမဲ့ လူမှုစီးပွား ထိခိုက်မှု ကြီးကြီးမားမား ရှိနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ သူ့ကို ဆူနာမီ အိုမီခရွန်လို့ တင်စားကြပါတယ်။ အဲဒီ အကြောင်း ရုပ်သံကို တင်ဆက်ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

မြန်မာများကို ထိုင်းသို့ တရားမဝင်ပို့သည့် လူမှောင်ခိုသမား သုံးဦးကို ဖမ်းမိ

diz_admin

December 29, 2021

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှောင်ခိုပို့သည့် မြန်မာတစ်ဦးနှင့် ထိုင်းနှစ်ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူမှောင်ခိုပို့သဖြင့် အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အသက် ၄၁နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက ဦးစွာ ဖမ်းမိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားမှာ ပရာကျွတ်ခီရီခန်ခရိုင်အတွင်းရှိ ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ နှစ်ဦးအား ဖမ်းမိပြီးနောက် ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူမှတစ်ဆင့် လူမှောင်ခို လုပ်ကိုင်သည့် အသက် ၁၈ နှစ်ရှိ ထိုင်းအမျိုးသားတစ်ဦးကိုလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ဦးနှင့်အတူ ထပ်မံဖမ်းမိကြောင်း ပြည်သူ့ဆက်ဆံရေးဌာနက […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနှစ်ရာကျော်ကို ကော့သောင်းသို့ ပြန်လွှဲ၊ ဖျားနာသူ ငါးဦးပါ

diz_admin

December 28, 2021

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ လွှဲပေးလိုက်ပြီး ယင်းအနက် ဖျားနာသူ ငါးဦးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၂၄၆ ဦးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။ ယင်း ၂၄၆ ဦးအနက် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဖျားနာနေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် အဆိုပါဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ ကျန်းမာရေးချို့တဲ့သည့် လူနာငါးဦးတို့အပါအဝင် ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစင်တာသို့ ဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း FED မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က […]

မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

diz_admin

December 7, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီခရိုင်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၉ ဦးတို့အား ဖမ်းမိခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်း နေရာ သုံးနေရာတွင် စုစုပေါင်း အလုပ်သမား ၁၃၀ ဦး ထပ်မံဖမ်းမိကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။ ပရာကျွတ်ခီရီခန်ခရိုင်းအတွင်းပင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ၄၉ ဦး (အမျိုးသား ၃၃ ဦး၊ […]

မောတောင်နယ်စပ်အနီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော်ဖမ်းဆီးခံရ

diz_admin

December 4, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို နေရာလေးခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နေရာလေးခုအနက် ပရာကျွတ်ခရီခန်ခရိုင်ရှိ ၂၇ ဦး တစ်နေရာ၊ ၂၁ ဦး တစ်နေရာ၊ ၈၃ ဦး တစ်နေရာ ဖမ်းမိပြီး ပရာကျွတ်ခီရီခန်ခရိုင်နှင့် ဆက်စပ်နေသည့် ကန်ချနပူရီခရိုင်တွင် ၃၈ ဦးတို့ကို တစ်ညတည်းတွင် ဖမ်းမိကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ကြပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာခဏ […]