BREAKING
April 21, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း မြန်မာလုပ်သား ၁၇၀၀ ကျော် ဖမ်းဆီးခံရ

diz_admin

March 1, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖေဖော်ဝါရီ တစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၇၃၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ ဇန်နဝါရီလအတွင်းကလည်း မြန်မာလုပ်သား တစ်ထောင်ကျော် ဖမ်းမိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မြန်မာအလုပ်သမား တစ်လလျှင် ၅၀၀ ဦးနီးအထိ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကြသဖြင့် ပရာကျွတ်ခီရီခရိုင်အတွင်းဖမ်းဆီးခံရနေခြင်း ဖြစ်သည်။ မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းသို့ တရားမဝင် […]

သတင်းတု၊ သတင်းမှား

diz_admin

February 15, 2022

လူထုကိုလှည့်ဖျားဖို့ သတင်းတု၊ သတင်းမှားဆိုတာ သမိုင်းနဲ့ချီပြီးရှိခဲ့ပါတယ်။အဲဒီအကြောင်းကို Dawei Watch က စုစည်း တင်ပြထားပါတယ်။ Dawei Watch ရဲ့ Telegram တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။ https://t.me/daweiwatch Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/zc8nyg8yBiU

ထိုင်းတွင် လေးရက်အတွင်း မြန်မာလုပ်သား တစ်ထောင်‌ကျော် အဖမ်းခံရ

diz_admin

February 7, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီ ခရိုင်တို့တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၁၇ ဦး၊ ၃ ရက်နေ့တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၆ ဦး၊ ၄ ရက်နေ့တွင် အမျိုးသား […]

ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား အဖွဲ့နှစ်ဖွဲ့ အဖမ်းခံရ

diz_admin

February 2, 2022

ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့ နှစ်ဖွဲ့နှင့် လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဖွဲ့နှစ်ခုစလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ညဘက်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ရနောင်းခရိုင် ပတ်ခမ်းတူးမြောင်းတွင် စက်လှေတစ်စီးကို စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးနှင့်အတူ လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် ရနောင်းခရိုင်အတွင်းရှိ ဥယျာဉ်ခြံတစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ထပ်မံဖမ်းမိကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် […]

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသည့် မြန်မာလုပ်သား တစ်ထောင်ကျော်ရှိပြီ

diz_admin

January 28, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် ယခုဇန်နဝါရီလအတွင်း ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၃ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ပထမအပတ်အတွင်းက ၁၉၅ ဦး၊ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦး၊ ၂၀ ရက်နေ့တွင် ၂၀၄ ဦး၊ ၂၂ ရက်နေ့တွင် ၁၆ ဦး၊ ၂၄ ရက်နေ့တွင် ၂၂၅ ဦးနှင့် ၂၇ ရက်နေ့တွင် ၁၃၅ ဦးတို့ကို […]

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား ၂၉ ဦး အဖမ်းခံရ

diz_admin

January 22, 2022

ကော့သောင်း – ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကို ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့ဘက်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ညဘက်တွင် စက်လှေများဖြင့် တရားမဝင် ဝင်ရောက် ကြသဖြင့် ထိုင်းကင်းလှည့်‌ ရေယာဉ်တို့၏ စောင့်ကြည့်ရေဒါမှတစ်ဆင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ ၁၃ ရက်နေ့တွင် ၁၇ ဦးနှင့်၁၉ ရက်နေ့တွင် ခြောက်ဦး စုစုပေါင်း ၂၉ ဦးတို့အား ဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှလည်း ဝင်ရောက်လေ့ရှိကြသဖြင့် မကြာခဏ ဖမ်းဆီးခံကြရသည်ကို တွေ့ရသည်။

ထိုင်းတွင် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် အဖမ်းခံရ

diz_admin

January 21, 2022

တနင်္သာရီမြိုနယ် မောတောင်-စင်ခွန်းနယ်စပ်မှတစ်ဆင့် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦးနှင့် ၂၀ ရက်နေ့တွင် ၂၀၄ ဦး စုစုပေါင်း ၄၃၂ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခရိုင်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီလ ပထမပတ်ကလည်း ‌၁၉၅ ဦးအား ဖမ်းမိခဲ့ကြောင်း အထက်ပါ ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ နယ်စပ်တစ်လျှောက်တွင် […]

ပဋိပက္ခအတွင်း ကြိုတင်ပြင်ဆင်ခြင်း

diz_admin

January 9, 2022

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။  အဆိုးဆုံးသော အခြေအနေတွေကို မိသားစုနဲ့ ကြိုတင်ဆွေးနွေး တိုင်ပင်ထားပါ။ ဘယ်အချိန်မဆို အသင့်ထွက်ခွာနိုင်ရမယ်။ အတိုဆုံးနဲ့ အလုံခြုံဆုံးသော ရှောင်တိမ်းရန် လမ်းကြောင်း၊ နေရာကို ကြိုတင် စဉ်းစားထားပါ။  အရေးပေါ် သယ်ယူဖို့ ပစ္စည်းပစ္စယများ ကြိုတင်ပြင်ဆင်ထားပါ။  ထုပ်ပိုးထားရန် အရေးပေါ် ပစ္စည်းများ   ၁) သောက်သုံးရေ (တစ်ဦးလျှင် သုံးလီတာထက် မနည်း) ၂) သောက်နေကျဆေးဝါးနှင့် အရေးပေါ် ဆေး ပစ္စည်းများ  ၃) အဝတ်အစား နှစ်စုံခန့်နှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းများ ၄) ငွေသား၊ အရေးကြီး စာရွက်စာတမ်းများ (ဥပမာ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း)  […]