BREAKING
April 1, 2025

ရွှေ့ပြောင်းလုပ်သား

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား ၂၉ ဦး အဖမ်းခံရ

diz_admin

January 22, 2022

ကော့သောင်း – ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကို ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့ဘက်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ညဘက်တွင် စက်လှေများဖြင့် တရားမဝင် ဝင်ရောက် ကြသဖြင့် ထိုင်းကင်းလှည့်‌ ရေယာဉ်တို့၏ စောင့်ကြည့်ရေဒါမှတစ်ဆင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ ၁၃ ရက်နေ့တွင် ၁၇ ဦးနှင့်၁၉ ရက်နေ့တွင် ခြောက်ဦး စုစုပေါင်း ၂၉ ဦးတို့အား ဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှလည်း ဝင်ရောက်လေ့ရှိကြသဖြင့် မကြာခဏ ဖမ်းဆီးခံကြရသည်ကို တွေ့ရသည်။

ထိုင်းတွင် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် အဖမ်းခံရ

diz_admin

January 21, 2022

တနင်္သာရီမြိုနယ် မောတောင်-စင်ခွန်းနယ်စပ်မှတစ်ဆင့် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦးနှင့် ၂၀ ရက်နေ့တွင် ၂၀၄ ဦး စုစုပေါင်း ၄၃၂ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခရိုင်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီလ ပထမပတ်ကလည်း ‌၁၉၅ ဦးအား ဖမ်းမိခဲ့ကြောင်း အထက်ပါ ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ နယ်စပ်တစ်လျှောက်တွင် […]

ပဋိပက္ခအတွင်း ကြိုတင်ပြင်ဆင်ခြင်း

diz_admin

January 9, 2022

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။  အဆိုးဆုံးသော အခြေအနေတွေကို မိသားစုနဲ့ ကြိုတင်ဆွေးနွေး တိုင်ပင်ထားပါ။ ဘယ်အချိန်မဆို အသင့်ထွက်ခွာနိုင်ရမယ်။ အတိုဆုံးနဲ့ အလုံခြုံဆုံးသော ရှောင်တိမ်းရန် လမ်းကြောင်း၊ နေရာကို ကြိုတင် စဉ်းစားထားပါ။  အရေးပေါ် သယ်ယူဖို့ ပစ္စည်းပစ္စယများ ကြိုတင်ပြင်ဆင်ထားပါ။  ထုပ်ပိုးထားရန် အရေးပေါ် ပစ္စည်းများ   ၁) သောက်သုံးရေ (တစ်ဦးလျှင် သုံးလီတာထက် မနည်း) ၂) သောက်နေကျဆေးဝါးနှင့် အရေးပေါ် ဆေး ပစ္စည်းများ  ၃) အဝတ်အစား နှစ်စုံခန့်နှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းများ ၄) ငွေသား၊ အရေးကြီး စာရွက်စာတမ်းများ (ဥပမာ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း)  […]

ပဋိပက္ခ အတွင်း ကြိုတင်ပြင်ဆင်ခြင်း

diz_admin

January 7, 2022

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။ ထုပ်ပိုးထားဖို့၊ လေကြောင်း ရန်ကာကွယ်နိုင်ဖို့၊ မိသားစုနဲ့ တိုင်ပင် ဆွေးနွေးထားဖို့ အဲဒါတွေကို စုစည်း တင်ပြထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ဆူနာမီ အိုမီခရွန်

diz_admin

January 4, 2022

အသစ်တွေ့ထားတဲ့ ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန် ဟာ အားပျော့တယ်ဆိုပေမဲ့ ကူးစက်နှုန်း အရမ်းမြန်လို့ ဆူနာမီအလား တင်စားပြောဆိုနေကြပါတယ်။

အိုမီခရွန် ဆူနာမီ

diz_admin

December 31, 2021

အသစ်တွေ့ထားတဲ့ အိုမီခရွန် ဟာ အရင် ဒယ်တာ ကိုဗစ်မျိုးကွဲထက်တော့ အားပျော့တယ်၊ ဆေးရုံတက်ရနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေ နည်းတယ်လို့ တွေ့ထားပါတယ်။ ဒါပေမဲ့ လူမှုစီးပွား ထိခိုက်မှု ကြီးကြီးမားမား ရှိနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ သူ့ကို ဆူနာမီ အိုမီခရွန်လို့ တင်စားကြပါတယ်။ အဲဒီ အကြောင်း ရုပ်သံကို တင်ဆက်ထားပါတယ်။

အိုမီခရွန် ဆူနာမီ

diz_admin

December 31, 2021

အသစ်တွေ့ထားတဲ့ အိုမီခရွန် ဟာ အရင် ဒယ်တာ ကိုဗစ်မျိုးကွဲထက်တော့ အားပျော့တယ်၊ ဆေးရုံတက်ရနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေ နည်းတယ်လို့ တွေ့ထားပါတယ်။ ဒါပေမဲ့ လူမှုစီးပွား ထိခိုက်မှု ကြီးကြီးမားမား ရှိနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ သူ့ကို ဆူနာမီ အိုမီခရွန်လို့ တင်စားကြပါတယ်။ အဲဒီ အကြောင်း ရုပ်သံကို တင်ဆက်ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

မြန်မာများကို ထိုင်းသို့ တရားမဝင်ပို့သည့် လူမှောင်ခိုသမား သုံးဦးကို ဖမ်းမိ

diz_admin

December 29, 2021

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှောင်ခိုပို့သည့် မြန်မာတစ်ဦးနှင့် ထိုင်းနှစ်ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူမှောင်ခိုပို့သဖြင့် အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အသက် ၄၁နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက ဦးစွာ ဖမ်းမိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားမှာ ပရာကျွတ်ခီရီခန်ခရိုင်အတွင်းရှိ ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ နှစ်ဦးအား ဖမ်းမိပြီးနောက် ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူမှတစ်ဆင့် လူမှောင်ခို လုပ်ကိုင်သည့် အသက် ၁၈ နှစ်ရှိ ထိုင်းအမျိုးသားတစ်ဦးကိုလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ဦးနှင့်အတူ ထပ်မံဖမ်းမိကြောင်း ပြည်သူ့ဆက်ဆံရေးဌာနက […]