ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား အဖွဲ့နှစ်ဖွဲ့ အဖမ်းခံရ
diz_admin
February 2, 2022ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့ နှစ်ဖွဲ့နှင့် လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဖွဲ့နှစ်ခုစလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ညဘက်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ရနောင်းခရိုင် ပတ်ခမ်းတူးမြောင်းတွင် စက်လှေတစ်စီးကို စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးနှင့်အတူ လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် ရနောင်းခရိုင်အတွင်းရှိ ဥယျာဉ်ခြံတစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ထပ်မံဖမ်းမိကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် […]