ဘန်ကောက်တွင် မီးလောင်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာလုပ်သားတစ်ဦးပါဝင်
diz_admin
June 27, 2022ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရာတွင် မြန်မာ အလုပ်သမားတစ်ဦးပါဝင်ကြောင်း ချက်ကရာဝက်ရဲစခန်းမှ ရဲချုပ် Pollawat Phromsorn က ပြောသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့တော် စမ်းဖန်ထဝန်မြို့နယ်ရှိ ရတ်ချဝန်လမ်းမကြီးရှိ စမ်းဖိန်ဈေးအနီး သုံးထပ်အဆောက်အအုံတွင် အကြီးစား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မီးသတ်တပ်ဖွဲ့ဝင်နှင့် ကယ်ဆယ်ရေးလုပ်သား စုစုပေါင်း ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ သေဆုံးသူ၏ ရုပ်အလောင်းများကို စစ်ဆေးရာတွင် အသက် ၃၄ နှစ်အရွယ် (အမည်ကို ထိုင်းဘာသာဖြင့် မောင်ဖေ့ခ်ဒိမ်းဟုဖော်ပြ) မြန်မာအလုပ်သမားတစ်ဦးနှင့် အသက် ၅၂ အရွယ်ရှိ ထိုင်းနိုင်ငံသား ငွေကိုင်တစ်ဦး ပါဝင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများတွင် […]