အလုပ်သမား တရားမဝင်ပို့နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိသည်ဟု ထိုင်းရဲပြော
diz_admin
July 29, 2022မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံသူတစ်ဦးကို တာခ့်ခရိုင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြဝတီတစ်ဖက်ကမ်း တာခ့်ခရိုင် မဲဆောက်ဒေသတွင် ပုန်းခိုနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်များတွင် ဖော်ပြသည်။ မြန်မာ အလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသောကြောင့် အသက် ၃၈ နှစ်အရွယ် နန်းခင်စောမူအမည်ရှိ မြန်မာနိုင်ငံသူကို ချိုင်းနတ်ခရိုင်တရားရုံး ဝရမ်းထုတ်ထားကြောင်း ရေးသားဖော်ပြသည်။ ချိုင်းနတ်ခရိုင်တွင် ထိုင်းနိုင်ငံသား ကားသမားက စွန့်ပစ်ခဲ့သော မြန်မာအလုပ်သမား ၂ ဦး၏ အလောင်းကို မေလ ၁၉ရက်နေ့ တွင် တွေ့ရှိရပြီးနောက် အမှုနှင့် သက်ဆိုင်သောသူများကို တရားရုံးက မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် […]