ထိုင်းတွင် မြန်မာလုပ်သားလူငယ်တစ်ဦး စက္ကူစက်တွင်ညှပ်ပါပြီးသေဆုံး
diz_admin
August 16, 2022ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ စက္ကူစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော အသက် ၁၈နှစ်အရွယ် မြန်မာအလုပ်သမား တစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် အလုပ်လုပ်ကိုင်နေရင်း စက်တွင်ညှပ်ပါပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ ဖန်းထောဒေသရှိ စက္ကူပါကင်ပိတ်စက်ရုံ (Print and Pack Co., Ltd.) တွင် စက္ကူဖြတ်စက်ကြီးအထဲသို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်ထက်ဝက်ခန့် ညှပ်လျက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ သေဆုံးသွားသော မြန်မာအလုပ်သမားမှာ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး မောင်ထွန်းမြတ် (ထိုင်းဘာသာဖြင့် ဖော်ပြချက်ဖြစ်သဖြင့် အမည်လွဲနိုင်) ဆိုသူဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။ အတူတူလုပ်ကိုင်နေသူ မြန်မာအလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ ၎င်းအပြင်သို့ ထွက်ချိန်တွင် မောင်ထွန်းမြတ်သည် စက်ကြီးအထဲသို့ စက္ကူပြားများကို ပုံမှန်အတိုင်းထည့်သွင်းနေခဲ့သည်ဟု သိရကြောင်း သတင်းတွင် […]