ထိုင်းတွင် လျှပ်စစ်စက်ရုံက လုပ်သား ၁၆ဝကို နစ်နာကြေးပေးပြီး အလုပ်ထုတ်
diz_admin
August 23, 2022ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံသည် လုပ်ငန်းအရှုံးပေါ်သဖြင့် အလုပ်သမားဦးရေ လျှော့ချသည့်အနေဖြင့် အလုပ်သမား ၁၆၀ ဦးကို နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ချွန်ဘူရီခရိုင် ခလောတမ်းရူဒေသ အမတစက်မှုဇုံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော SIAM ORIENT ELECTRIC CO., LTD. စက်ရုံက အလုပ်သမား ၁၆၀ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့က အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အလုပ်သမားများ အလုပ်ထုတ်ခံရသော သတင်းအရ ထိုင်းအလုပ်သမားဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အလုပ်သမား အခွင့်ရေးအပြည့်အဝရရှိစေရန် သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ စက်ရုံတွင် အလုပ်သမား ၂၉၀ ဦးရှိသည့်အနက် စက်ရုံနှင့် စာချုပ်ချုပ်ထားသော အလုပ်သမား ၁၂၀ ဦးနှင့် ပုတ်ပြတ် အလုပ်သမား […]