ထိုင်း ပရာကျွတ်ခီရီခန်တွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ
diz_admin
September 8, 2022ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ယနေ့ (စက်တင်ဘာ ၈) မနက်ပိုင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပရာကျွတ်ခီရီခန်ခရိုင် ကိုလက်ဒေသရှိ ရာဘာတောထဲတွင် တရားမဝင် မြန်မာအလုပ်သမားများကို မှောင်ခိုပို့ဆောင်နေသော အဖြူရောင်ပစ်ကပ်ကားတစ်စီး ရပ်နားထားသည်ကို တွေ့ရှိရသဖြင့် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကားအတွင်းမှ တရားမဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၉ ဦးနှင့် မြန်မာနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိကြောင်းဖော်ပြထားသည်။ ကားမောင်းသမားသည် ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ရှည်ကြာမြင့်ပြီဖြစ်ပြီး တရားမဝင်လမ်းကြောင်းဖြင့် မြန်မာအလုပ်သမားများကို ခေါ်ဆောင်လာကာ သတ်မှတ်နေရာအထိ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် ထားဝယ်၊ ရန်ကုန်၊ မုဒုံ မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး တနင်္သာရီတိုင်းမှတစ်ဆင့် […]