ထိုင်းတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၂၇၀ကျော် နစ်နာကြေး ဘတ်ငါးသန်းကျော်ရ
diz_admin
September 14, 2022ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်ရှိ လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ကျော်အတွက် တစ်ဦးလျှင် ဘတ်နှစ်သောင်းကျော်နှုန်းဖြင့် စုစုပေါင်းဘတ် ငါးသန်းကျော် နစ်နာကြေးရရှိကြောင်း အလုပ်ထုတ် ခံရသည့် အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) တို့ထံမှ သိရသည်။ နဝမ်နခွန်နယ်မြေရှိ Belton လျှပ်စစ်ပစ္စည်းစက်ရုံတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၇၀ ကျော်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရုတ်တရက်အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်ရုံတွင် အလုပ်နည်းလာရာ အလုပ်သမားအင်အားလျော့ချသည့်အနေဖြင့် နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ ယင်းနေ့တွင်ပင် မြန်မာအလုပ်သမားများက စက်ရုံအတွင်းဆန္ဒပြခဲ့ကြရာ AAC အဖွဲ့မှ အလုပ်သမား တာဝန်ခံများက အလုပ်သမားများအတွက် စက်ရုံတာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း AAC ထံမှ သိရသည်။ […]