ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော ကလေးငယ်သုံးဦးအပါအဝင် မြန်မာ ၂၀ဦး အဖမ်းခံရ
diz_admin
September 21, 2022ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော ကလေးငယ်သုံးဦး အပါအဝင် မြန်မာအလုပ်သမား ၂၀ ဦးကို ယနေ့ ဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် ပစ်ကပ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု စက်တင်ဘာလ ၂၀ ရက် ည ၁၀ နာရီခန့်တွင် သတင်းရရှိသဖြင့် စုက်စာရမ်စစ်ဆေးရေးဂိတ်တွင် ထိုင်းအထူးခြေမြန်တပ်ရင်းက ကြိုတင်စောင့်ဆိုင်းနေကြကြောင်း ဖော်ပြသည်။ ယင်းနောက် ယနေ့ (စက်တင်ဘာ ၂၁) နံနက် ၂ နာရီခန့်တွင် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ သွားနေသော အဆိုပါကားကို စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ် ယောင်္ကျားလေး […]