ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းသူတို့တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့လာ
diz_admin
October 4, 2022ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူတို့တွင် ကိုဗစ်ပိုး ဆက်တိုက်တွေ့ရှိ လာနေကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက်က ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၈ ဦးတို့အနက် အမျိုးသားသုံးဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန် ထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ဦးကျော်အနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၈ ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၁၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၃ ဦး […]