ဘန်ကောက်တွင် တံတားပေါ်က ခုန်ချအဆုံးစီရင်ရန်ကြိုးပမ်းသည့် မြန်မာလုပ်သားကို ကယ်တင်နိုင်ခဲ့
diz_admin
November 14, 2022ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလူငယ်တစ်ဦး တံတားပေါ်က ခုန်ချ၍ အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်ခရိုင် ဟွေ့ကွမ်ဒေသ မာန်ရတီလမ်းဆုံရှိ ဖလမ်းကောက်ခုံးကျော်တံတားပေါ်၌ လူငယ်တစ်ဦး ခုန်ချအဆုံးစီရင်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသတင်းရရှိသဖြင့် မက်ကဆန်ရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းတာဝန်ရှိသူများ ရောက်သွားချိန်တွင် အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးသည် ခုံးကျော်တံတားရှိ လမ်းဘေးဘောင်ပေါ် လမ်းမီးသံတိုင်ကို ကိုင်ထားလျက် အနေအထားရှိနေကာ လွှတ်ချလိုက်သည်နှင့် ပြုတ်ကျသွားနိုင်ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားမှာ ထိုင်းဘာသာဖြင့် အားတီအမည်ရှိသူဟု ဖော်ပြထားပြီး ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်ရာတွင် […]