BREAKING
April 20, 2025

ရွှေ့ပြောင်းလုပ်သား

ဗီဇာသက်တမ်းတိုးပြီး ပတ်စ်ပို့ပြန်ပေးမည်ဟု ဆန္ဒပြမြန်မာလုပ်သားများကို အလုပ်ရှင်ကတိပြု

diz_admin

November 23, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာခရိုင် သစ်စက်ရုံတွင် ဆန္ဒပြသည့် မြန်မာအလုပ်သမားများကို ဗီဇာသက်တမ်းတိုးပေးပြီး သိမ်းဆည်းထားသည့် နိုင်ငံကူးလက်မှတ်ကိုလည်းပြန်ပေးမည်ဟု အလုပ်ရှင်က ကတိပေးကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။ စွန်ခရာခရိုင် ဟတ်ယိုင်ဒေသက APK သစ်စက်ရုံရှိ ၃၀၀ နီးပါးသည် နိုဝင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံထားရခြင်း၊ ဗီဇာသက်တမ်းတိုးပေးရန် ငွေကောက်ခံထားသော်လည်း မတိုးပေးခြင်း၊ လုပ်အားခအပြည့်အဝ မရရှိခြင်းစသော အခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။ ဗီဇာသက်တမ်း တိုးပေးရန် ဇွန်လမှစ၍ ဘတ် ၇၀၀၀ တစ်ကြိမ်၊ ဘတ် ၄၇၀၀ တစ်ကြိမ် စုစုပေါင်း ဘတ်တစ်သောင်း ကျော် ကောက်ခံခဲ့သော်လည်း နိုဝင်ဘာလအထိ သက်တမ်းတိုးပေးခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ […]

ထိုင်းတွင် ၁၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ

diz_admin

November 22, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် အိမ်တွင် တစ်ဦးတည်းကျန်ခဲ့သော မိန်းကလေးကို မြန်မာအလုပ်သမားက အိမ်ထဲသို့ဝင်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားထား သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၃ နှစ်အရွယ် မောင်ထူးလေး အမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မိန်းကလေးငယ်သည် အိမ်တွင် တစ်ဦးတည်းကျန်ရှိနေစဉ် အိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်ကာ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖွင့်လိုက်ချိန်တွင် မောင်ဖြစ်သူမဟုတ်ဘဲ မြန်မာအလုပ်သမားသည် နေအိမ်အတွင်းသို့ ဝင်လာပြီး […]

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သားနှစ်ရာကျော်ကို ထိုင်းက ကော့သောင်းဘက်သို့ ပြန်လွှဲ

diz_admin

November 21, 2022

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမားများ နှစ်ရာကျော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီးမှ မြန်မာနိုင်ငံသို့ ပြန်လွှဲပေးခြင်းဖြစ်သည်။ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရာတွင် မြန်မာအလုပ်သမား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၂၁၀ ဦးတို့ပါဝင်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။   ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အား တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူတို့ ညှိနှိုင်းပြီး ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား […]

ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

diz_admin

November 19, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ အမှတ် (၄၁) အမြန်လမ်းတွင် ထိုင်းနိုင်ငံသားနှစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကား နှစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာကြသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နံနက် ၃ နာရီအချိန်ခန့်တွင် ပထမအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ၌ ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးအုပ်ထားပြီး ယင်းအောက်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး လိုက်ပါလာခဲ့ကြောင်း ရေးသားထားသည်။ ကားမောင်းသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် မြန်မာအလုပ်သမားကို […]

ရနောင်းတွင် ၁၁ လအရွယ် မြန်မာကလေးငယ်တစ်ဦး ခိုးယူခံရပြီး လမ်းဘေးတွင် စွန့်ပစ်ခံရ

diz_admin

November 17, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၁၁ လသားအရွယ် မြန်မာကလေးငယ်တစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ခိုးယူကာ ဆိုင်ကယ်စီး ထွက်ပြေးသွားပြီးနောက် ကလေးငယ်အား လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။ ကလေးငယ်၏ မိဘများသည် လောင်းလုံးမြို့နယ် ပန်းဒလဲရွာဒေသခံများဖြစ်ကြသည်။ ရနောင်းခရိုင်၊ ပါ့နမ်ဒေသ ပါ့ခလောင်ရွာ၌ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အဝါရောင် အင်္ကျီဝတ်ထားသော ထိုင်းနိုင်ငံသားတစ်ဦးသည် ကလေးငယ်ကို မုန့်ဝယ်ကျွေးမည်ဟု ဆိုကာ ကလေး၏ အဖိုးအဖွားလက်ထဲမှ ခိုးယူသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံသားသည် ကလေးကို ခိုးယူခဲ့ပြီးနောက် လိုင်စင်နံပတ်ပြားမရှိသော ဆိုင်ကယ်ဖြင့် ရနောင်းမြို့တွင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။ ကလေးခိုးယူခံခဲ့ရသည့်အကြောင်းကို အရေးပေါ်ဖုန်းနံပါတ် ၁၉၁ […]

ထိုင်းတွင် မြန်မာလုပ်သားများစွာလုပ်ကိုင်သော ဖိနပ်စက်ရုံမီးလောင်၊ နှစ်ဦးဒဏ်ရာရ

diz_admin

November 16, 2022

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်တွင် မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိသော Aerosoft ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မီးလောင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမူပရကန်ခရိုင် ဘန်ဖလီဒေသ ဘန်ချလုံးနယ်မြေ ဘန့်နာ့တရပ်အဝေးပြေးလမ်းမကြီးဘေးရှိ Summit Footwear ကုမ္ပဏီပိုင် Aerosoft အမှတ်တံဆိပ် ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးစတင်လောင်ကျွမ်းသောအချိန်သည် စက်ရုံရှိ အလုပ်သမား ရာနှင့်ချီ အလုပ်ဆင်းနေသောအချိန်ဖြစ်ပြီး အလုပ်သမားများသည် အရေးပေါ်ထွက်ပေါက်မှ အကုန်လုံးလွတ်မြောက်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ရေးသားထားသော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ “ဒီစက်ရုံမှာက […]

ထိုင်းတွင် ကားမှောက်မှုကြောင့် ကျွန်းစုသူအပါအဝင် မြန်မာသုံးဦးသေဆုံး

diz_admin

November 15, 2022

ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင်တွင် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကိုယ်ပိုင်ကားတစ်စီးသည် အရှိန်လွန်ကာ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း လိုက်ပါကူညီဆောင်ရွက် ပေးနေသည့် ဝိဒေသနာရေးပရဟိတအသင်းထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖေ့ခ်ျဘူရီခရိုင် ခေါင်းယွိုင်ဒေသရှိ ဖက်ကစန်အဝေးပြေးလမ်းမပေါ်၌ ကားမှောက်ခြင်းဖြစ်သည်။ Chevrolet အမျိုးအစား ကိုယ်ပိုင်ကားတစ်စီးသည် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် အရှိန်လွန်ကာ လမ်းချော်ပြီး လမ်းလယ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ လမ်းမပေါ်လွင့်ထွက်သွားခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားမှာ လုံးဝပျက်စီးသွားပြီး လမ်းမအလယ်တွင် ပက်လက်အနေအထား ဖြစ်သွားခဲ့ပြီး ကားထဲ ညှပ်နေသော ကားမောင်းသမားမှာ အပြင်းအထန်ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မိနစ် ၂၀ ခန့် အကြာ ကားတံခါးကိုဖြတ်ကာ […]

ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ

diz_admin

November 14, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး လွန်ခဲ့သည့် တစ်နှစ်ခန့်က တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကားမှောက်မှုဖြစ်ပွားသည့် နေ့ရက်နှင့် ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ရရှိစေရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့သို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးခဲ့သူ နှစ်ဦးအတွက် ပုဂ္ဂလိက ကားအာမခံအတိုင်း […]