ထိုင်းတွင် ကားတိုက်မှုကြောင့် ပင်လယ်စာတင်ကားမောင်းသည့် မြန်မာလုပ်သား သေဆုံး
diz_admin
October 1, 2022ထိုင်းနိုင်ငံ စမူစွန်ခရာမ်ခရိုင်တွင် ကားတိုက်မှုကြောင့် ပင်လယ်စာများသယ်ဆောင်သည့် ကုန်တင်ကားမောင်းသည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (အောက်တိုဘာ ၁) နံနက် ၇နာရီခွဲက မဲကလွန်းမဟာချိုင်ဆေးရုံအနီးရှိ ရာမ (၂) လမ်းပေါ်တွင် အဆိုပါကားသည် ဂငယ်ကွေ့ ကွေ့ရန် စောင့်ဆိုင်းနေစဉ်တွင် အနောက်မှလာသော ကုန်တင်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခြင်းဖြစ်ပြီး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။ မောင်မောင် အမည်ရှိ မြန်မာအလုပ်သမား မောင်းလာသည့် ၁ဝဘီးတပ် ကားမှာ ပက်လက်အနေအထားဖြင့် တိမ်းမှောက် ပျက်စီးနေကာ ၎င်းမှာလည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားသည်။ ကား၏ အနောက်ပိုင်းတွင် ပင်လယ်စာပို့ရန် လိုက်ပါလာသော ရွှေ့ပြောင်းအလုပ်သမား ၅ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် အနီးရှိ စိုးမ်ဒေ့ဘုရားဆေးရုံသို့ […]