မလေးရှားသို့ တရားမဝင်သွားသည့် မြန်မာလုပ်သားများ စီးလာသည့်ကား တိမ်းမှောက်၊ တစ်ဦးဒဏ်ရာရ
diz_admin
January 18, 2023ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလုံခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား များ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၁၈) နံနက်ပိုင်းတွင် တိမ်းမှောက်ပြီး တစ်ဦး ဒဏ်ရာ ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အာရှလမ်းမကြီးဖြစ်သော ဖတ်ထလုံ-ဟတ်ယိုင် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆နာရီခွဲခန့်က တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာအလုပ်သမားများမှာ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း ရေးသားထား သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန် ကားအနောက်ဘက်ကို ကင်းဗက်ပိုင်းများဖြင့် ဖုံးအုပ်ထားသော အဖြူရောင်ပစ်ကပ်ကားမှာ လမ်းမအလယ်တွင် ဘေးစောင်းတိမ်းမှောက်နေပြီး ကား၏ ဘယ်ဘက် တာယာဘီး ပေါက်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားတစ်ဦးတွင် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ကယ်ဆယ်ရေး အဖွဲ့များက ဆေးကုသပေးကာ ဖတ်ထလူဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း […]