BREAKING
April 20, 2025

ရွှေ့ပြောင်းလုပ်သား

တနင်္သာရီဘက်က မှောင်ခိုသွင်းလာသော ကျွဲ၊ နွားအကောင် ၈၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

diz_admin

January 9, 2023

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်တွင် မြန်မာနိုင်ငံက မှောင်ခိုတင်သွင်းလာသော ကျွဲ၊ နွား အကောင်ရေ ၈၆ ကောင်ကို ဖမ်းမိကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စခဲဒေသ ဟွေးယန်းရွာဘက်တွင် ဇန်နဝါရီလ ၇ ရက်က နယ်ခြားစောင့်တပ်များ ကင်းလှည့် စစ်ဆေးနေချိန်၌ တနင်္သာရီတိုင်းဘက်က မှောင်ခိုတင်သွင်းလာသော ကျွဲနွားများကို ဖမ်းမိသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး၏ ပြောကြားချက်ကို ကိုးကားကာ သတင်းတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် ခရိုင်တစ်ခုဖြစ်သည်။ နယ်စပ်မှတစ်ဆင့် ထိုင်း တောင်ပိုင်းခရိုင်များရှိ ရောင်းဝယ်နေသူများထံ တိရစ္ဆာန်များ မှောင်ခိုပို့ဆောင်နေကြသည်ဟု သတင်းရရှိခဲ့သဖြင့် စုံစမ်းရေးပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီးက ပြောဆိုထားသည်။ နယ်စပ်ဖြတ်လမ်းတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတ်တမ်းများအရ အမျိုးသားသုံးဦးသည် ကျွဲ၊ […]

မဲဆောက်တွင် ရိုဟင်ဂျာများအပါအဝင် မြန်မာလုပ်သား ၇၁ ဦး ဖမ်းဆီးခံရ

diz_admin

January 9, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ရိုဟင်ဂျာ ၆၀ဦးနှင့် မြန်မာအလုပ်သမား ၁၁ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ ထာ့စိုင်လွတ်ရွာအနီး သင်္ချိုင်းကုန်းအနောက်ရှိ ကြံတောထဲတွင် ပုန်းနေသော ရိုဟင်ဂျာများနှင့်အတူ မြန်မာအလုပ်သမားတို့ကို မဲဆောက်ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် ရိုဟင်ဂျာ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၁၀ ဦး စုစုပေါင်း ၆၀ ဦးရှိပြီး အားလုံးသည် ရခိုင်ပြည်နယ်မှ လာသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ မြန်မာအလုပ်သမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၁ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အားလုံးတွင် ခရီးသွား အထောက်အထားနှင့် […]

ပတ်စ်ပို့သက်တမ်းတိုး တိုကင်ယူရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တန်းစီသူထောင်နှင့်ချီရှိ

diz_admin

January 7, 2023

ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် လူကိုယ်တိုင်လာရောက်တန်းစီရမည်ဟု ကြေညာ ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားထောင်ချီ ယနေ့ (ဇန်နဝါရီ ၇) လာရောက်တန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရက်ချိန်းတိုကင်ကို လူကိုယ်တိုင် လာရောက်ယူရမည်ဟု မြန်မာသံရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့ကြောင့် ပထမဆုံးနေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ လာရောက်တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ ရက်ချိန်းတိုကင်ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်၌ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ကိုယ်စား ထုတ်ယူသူများနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိနေသေးသူများကို ရက်ချိန်းတိုကင်များ […]

ထိုင်းတွင် ကားတိုက်ခံရသည့် မြန်မာလုပ်သား၏ ကိုယ်အင်္ဂါများကို ပေးလှူ

diz_admin

January 7, 2023

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သတိမေ့မြောကာ အခြေအနေဆိုးရွားနေသော မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အခြားလူနာများအား ကုသနိုင်ရန် မိသားစုဝင်များက လှူဒါန်းပေးခဲ့ကြောင်း ရတ်ခ်ျဘူရီဆေးရုံက ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်သည်။ အသက် ၂၉နှစ်အရွယ် မွန်တိုင်းရင်းသား ကိုသန့်ဇင်ထွန်းသည် ထိုင်းနိုင်ငံတွင် ကြက်ဥရောင်းချသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ၎င်းစီးလာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့ တိုက်မိခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ ပါထော့ဆေးရုံမှတစ်ဆင့် ရတ်ခ်ျဘူရီဆေးရုံသို့ သတိမေ့မြောနေပြီး စိုးရိမ်ရအခြေအနေဖြင့် ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးနှောက်နှင့် လည်ပင်းရိုးများကို ဓါတ်မှန်ရိုက် စစ်ဆေးခဲ့ရာ လည်ပင်းရိုး အထက်ပိုင်းတွင် နေရာရွှေ့သွားသည်ကို တွေ့ရှိခဲ့ရသဖြင့် လူနာ၏အခြေအနေသည် အချိန်တိုအတွင်း လျင်မြန်စွာ ဆိုးရွားလာနိုင်သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဆေးရုံဆရာဝန်အဖွဲ့က လူနာ၏ […]

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု ခင်ပွန်းသည်အပါအဝင်နှစ်ဦး ဖမ်းဆီးခံရ

diz_admin

January 4, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးက အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝန်ခံချက်နှင့်အတူ ဖြစ်စဉ်ကို သရုပ်ပြစေခိုင်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။ အသက် ၃၅ နှစ်အရွယ် မနော်ချီအမည်ရှိ မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၈ ရက်တွင် တာခ့်ခရိုင် အုမ်ဖန်းဒေသ နော်လွမ်းရွာ ရာဘာတောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လွယ်အိတ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ထားသည့်ပုံစံဖြင့် သေဆုံးနေခဲ့ပြီး အလောင်းပေါ်တွင် ဒဏ်ရာများ တွေ့ရှိ ခဲ့ရသဖြင့် မှုခင်းဆရာဝန်များကို ခေါ်ယူစစ်ဆေးခဲ့ရာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရခြင်း၊ ရိုက်နှက်ခံထားရခြင်းတို့ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ရာတွင် ပါဝင်သူတစ်ဦးမှာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားသည်ဟု သတင်းရရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ […]

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ သိရမယ့်ကတ် ၆ မျိုး

diz_admin

January 4, 2023

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံသွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ ဒီလိုသွားရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အခွင့်အရေးတွေ မဆုံးရှုံးဖို၊ ထိုင်းနိုင်ငံထဲမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက် မဖြစ်မနေသိရမယ့် ကတ် ၆ မျိုးရှိပါတယ်။ ဘာကတ်တွေလဲ၊ ဘယ်လိုတွေ အသုံးပြုရမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၂ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

diz_admin

January 3, 2023

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ဦး ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ယနေ့ (ဇန်နဝါရီ ၃) ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စွန်ခရာခရိုင် စဒေါင်းဒေသ ထပ်ကိုးရွာ ထိုင်း-မလေးရှားနယ်စပ် ခြံစည်းရိုးအနီးတွင် ကားအနောက်ကို ရာဘာပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီးကို အမှတ် (၅) ထိုင်းခြေမြန်တပ်ရင်းက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် အသက် ၁၈ နှစ်မှ ၄၉ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမား နှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများသည် ရန်ကုန်မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး နှစ်သစ်ကူးညတွင် တနင်္သာရီတိုင်းမှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ခဲ့ကာ မလေးရှားနိုင်ငံ စားသောက်ဆိုင်များတွင် လုပ်ကိုင်နိုင်ရန်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း […]

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ သိရမယ့်ကတ် ၆ မျိုး

diz_admin

January 3, 2023

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံသွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား တစ်ယောက်အနေနဲ့ မဖြစ်မနေသိထားဖို့လိုတဲ့ ကတ် ၆ မျိုးရှိပါတယ်။ ဒီကတ် ၆ မျိုးအကြောင်း သိထားမှသာ ထိုင်းမှာ အဆင်ပြေပြေနေနိုင်မှမို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။