မျက်ရည်ဖြင့် ဆင်နွှဲရသည့် သင်္ကြန်
diz_admin
April 13, 2023လူအုပ်စုကြီးက မိမိအလှည့်ရောက်မည့်အချိန်ကို နွေနေပူပူတွင် စောင့်ဆိုင်းနေကြရသော်လည်း မျက်နှာများတွင် အပြုံးရိပ်များဖြင့် တက်ကြွမှုများတွေ့နေရသည်။ တစ်နှစ်တာလုံး ရေခြားမြေခြားတွင် အလုပ်လာရောက်လုပ်ကိုင်နေသူများအတွက် အိမ်ပြန်ရတော့မည်ဆိုသည့် အတွေးက နွေနေပူပူကိုပင် အံတုနေသယောင်။ သူတို့တွေက သင်္ကြန်တွင်း နေရပ်ပြန်ကြမည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာနိုင်ငံသားများတော့မဟုတ် ကမ္ဘောဒီယားနိုင်ငံသားများဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများအတွက် မိမိမွေးရပ်နိုင်ငံမှ ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေခဲ့ရသော မြန်မာအလုပ်သမား အရေအတွက်သည် ထိုင်းနိုင်ငံတွင် သန်းချီရှိသည်။ အလုပ်သမားများသည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးနောက် သင်္ကြန်အားလပ်ရက်တွင် မြန်မာနိုင်ငံရှိ မိဘအိမ်သို့ တစ်လခန့်ကြာအောင် နေရပ်ပြန် ရေကစားလေ့ရှိကြသည်။ ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သော နယ်စပ်ဂိတ်များ၊ နိုင်ငံတကာလေဆိပ်များကို ယခင်နှစ်လယ်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ်တွင် နိုင်ငံအလိုက် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် လာအို နှင့် ကမ္ဘောဒီးယား […]