BREAKING
September 7, 2024

သတင်းဆောင်းပါး

ထိုင်းပင်လယ်ကွေ့ အမှောင်ခြမ်းမှ မြန်မာ ငါးဖမ်းလုပ်သားများ

Dawei Watch

July 8, 2024

ငါးဖမ်းသမားအဖြစ် အလုပ်လုပ်ရသည်မှာ သေဆုံးနိုင်သည်အထိ အန္တရယ်များနိုင်သည်ကို မောင်မောင်က သိသည်။ ထို့ကြောင့် သူနှင့်အတူ ငါးဖမ်းလှေပေါ် လာလုပ်သော ညီဖြစ်သူ မောင်ချစ်မင်းသူအတွက် အမြဲစိုးရိမ်တကြည့်ကြည့်။ အကြောင်းက ညီဖြစ်သူက ရေမကူးတတ်ပေ။ နောက်ဆုံး ကြမ္မာဆိုး ကြုံတော့သည်။ “လှေပေါ်ကနေ ချော်ကျတာပေါ့နော်။ အလုပ်လုပ်ရင်းနဲ့လေ။ ချော်ကျပြီး လိုက်ဆယ်ပြီးတော့ ကြိုးစားသေးတယ်။ ဒါပေမဲ့ မမီတော့ဘူး” လှေပေါ်တွင် အတူတူအလုပ်လုပ်ရင်း မတော်တဆဖြစ်ပြီး ရေထဲကျ သေဆုံးသွားသော အသက် ၂၁ နှစ် အရွယ် ညီလေးဖြစ်သူ ချစ်မင်းသူ၏ ဓါတ်ပုံကို ကြည့်ပြီး အစ်ကိုဖြစ်သူက မောင်မောင် (အမည်လွှဲ) က မျက်ရည်စများနှင့် ဆိုသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ညသန်းခေါင်အချိန် ၁၂ နာရီ တွင် […]

ဆိုင်သာဆိုင် မပိုင်သည့် ထိုင်းဘဏ်အကောင့် ပိုင်ရှင် မြန်မာအပြစ်သားများ ရှိသည်

Dawei Watch

July 5, 2024

တစ်လထိုင်းဘတ် သောင်းဂဏန်းသာ ဝင်ငွေရှိသော ထိုင်းရောက်မြန်မာအလုပ်သမားအချို့၏ ဘဏ်အကောင့်များတွင် ဘတ်ငွေ သိန်းသန်းချီ အဝင်အထွက်ရှိနေသည်။ ဆိုင်သော်လည်း မပိုင်သည့် ဘဏ်အကောင့်များကို ပိုင်ဆိုင်ထားသူ မြန်မာများမှာ ငွေကြေးခဝါချမှု အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ ပစ်မှတ်များဖြစ်လာသည်။ အွန်လိုင်းငွေကြေးစနစ်မှ မသုံးလျှင် လူရာမဝင်တော့သည့် ခေတ်တွင် ဘဏ်အကောင့်ရှိခြင်းက မထူးဆန်းလှသော်လည်း မြန်မာအလုပ်သမားများအတွက်မူ ထောင်နှစ်ရှည်ကျနိုင်သည့်ကိစ္စဖြစ်နေသည်။ အလုပ်ရှင်၊ ပွဲစားတို့ အတင်းအကျပ် ဖွင့်ခိုင်းသဖြင့် မြန်မာအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ဖြင့် ဖွင့်ပေးခဲ့ရသည့် ဘဏ်အကောင့်များကို အလုပ်ရှင်၊ ပွဲစားတို့က လက်ဝယ်သိမ်းထားကာ အလွဲသုံးစားလုပ်မှုများ ရှိနေသည်။ ငွေကြေးခဝါချမှု၊ အွန်လိုင်းလောင်းကစားမှုများကဲ့သို့ ပြစ်မှုများကို ကျူးလွန်ကြသည်။ ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးအရေးယူသည့်အခါ ဘဏ်အကောင့် အမည်ပေါက်နေသည့် မြန်မာအလုပ်သမား များသာ အရေးယူခံရ၊ ထောင်ချခံကြရသည်။ အမည်ခံ ဖွင့်ပေးထားသည့် ဘဏ်အကောင့်တို့တွင် ဘတ်ငွေ သိန်းသန်းချီ အဝင် […]

ထိုင်းငါးဖမ်းလုပ်ငန်း ဥပဒေအသစ်ကြောင့် စိုးရိမ်မှုမြင့်တက်

Dawei Watch

June 18, 2024

လွှတ်တော်ကို တင်သွင်းထားတဲ့ ငါးဖမ်းလုပ်ငန်းဥပဒေအသစ်က ထိုင်းနိုင်ငံကို ခေတ်နောက်ပြန်ဆွဲစေလိမ့်မယ်၊ လူကုန်ကူးမှုတွေ ပိုများလာပြီး တိုင်းပြည်ရဲ့ ဘတ်ငွေဘီလီယံနဲ့ချီတဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်သွားစေလိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ကြီးထွားလာနေပါတယ်။ ၂၀၁၇ ထိုင်းငါးဖမ်းလုပ်ငန်းအက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ဆက်စပ်ဥပဒေမူကြမ်း ၇ ခုကို ထိုင်းအစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ပါလီမန်ရဲ့ ထောက်ခံမှုကို ရထားတဲ့ အဆိုပါဥပဒေပြင်ဆင်ချက်မူကြမ်းတွေကို အထူးသီးသန့်ကော်မတီတစ်ရပ်က စစ်ဆေးသုံးသပ်နေပြီ ဖြစ်ပါတယ်။ အထူးကော်မတီရဲ့ စစ်ဆေးသုံးသပ်မှုပြီးဆုံးသွားခဲ့ရင်တော့ တရားဝင်အတည်ပြုပြဌာန်းဖို့အတွက် ဇူလိုင်လမှာ ထိုင်းပါလီမန်ကို ပြန်လည်တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအဆင့်က အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ ကို ကျဆင်းသွားခဲ့မယ်ဆိုရင် အဲဒီကနေ အဆင့်ပြန်တက်လာအောင် ကြိုးစားဖို့က ခက်ခဲလိမ့်မယ်” လို့ Institute of Politics […]

နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ

Dawei Watch

February 19, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။ မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။ သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။ ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။ ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။ လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ […]

စစ်ကောင်စီလက်ထက် အားကိုးရာမဲ့နေသည့် MoU လုပ်သားများ

Dawei Watch

January 21, 2024

ဗိုက်ခွဲပြီး ကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် မသူဇာတစ်ယောက် အုန်းပင်တက်သည့်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။ ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ရှိ အုန်းတောအတွင်း အသက် ၂၈နှစ်အရွယ် မသူဇာက အမျိုးသားများပင် လုပ်ကိုင်ရခက်ခဲသည့် အလုပ်ကို လုပ်နေရသည်။ အုန်းရည်ခံထားသည့် ခွက်များကို တက်ယူနေရခြင်းဖြစ်သည်။ သူမအဖို့ မကျွမ်းကျင်သည့် အလုပ်ကို လုပ်နေရသဖြင့် အဆင်ချောနေသည်တော့ မဟုတ်ပေ။ အုန်းပင်ပေါ်မှ အောက်ကို အမြဲတမ်း ချော်ကျလေ့ရှိပြီး အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။ မွေးရပ်တွင် ကျန်ရစ်ခဲ့သည့် ၇ လအရွယ်သမီးနှင့် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်တို့ကို ထောက်ပံ့နိုင်ရန် MoU စနစ် ဟု လူသိများသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် လာရောက်လုပ်ကိုင်သော်လည်း စာချုပ်ပါအလုပ်အတိုင်း မလုပ်ရဘဲ အခက်အခဲများစွာ ကြုံနေရခြင်း ဖြစ်သည်။ နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် […]

လည်စင်းပေးနေရသည့် ထိုင်းရောက် မြန်မာလုပ်သားများ

Dawei Watch

June 15, 2023

ကိုလှမျိုးအပါအဝင် မြန်မာအလုပ်သမား ၆ ဦးက အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန်အတွက် စက်ရုံမန်နေဂျာထံမှ တရားဝင်အထောက်အထား တောင်းမည်ဟု ဆုံးဖြတ်ပြီး အလုပ်သို့သွားခဲ့ကြသည်။ သို့သော်ဖိုးချစ်ကန်းဟု ခေါ်သည့် စက်ရုံမန်နေဂျာက ပစ္စတိုသေနတ်တကိုင်ကိုင်ဖြင့် လမ်းလျှောက်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဟရဲတော့ကြောင်း ကိုလှမျိုးက ဆိုသည်။ စက်ရုံပိုင်ရှင်သူဌေးအမည်ဖြင့် ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ် လုပ်ထားကြပြီး ကျသင့်ငွေကို အပြေအကြေဆပ်ပြီးဖြစ်သည်ဟု ကိုလှမျိုးက ဆိုသည်။ သို့သော် အလုပ်သမားများလက်ဝယ်တွင် တရားဝင်အထောက်အထားဟူ၍ စာရွက်တစ်ရွက်ပင် မရှိကြပေ။ “ပန်းရောင်ကတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတောင်းချိန်ဆို ပစ္စတိုသေနတ်တကားကားနဲ့ အလုပ်သမားတွေနဲ့ ရှင်းမယ်ဆိုရင် မန်နေဂျာက ပစ္စတိုယူလာရော။ ပစ္စတိုကိုင်ပြီးတော့ ငါ့ကိုလာရှင်းတဲ့” ဟု ၎င်းက ရှင်းပြသည်။ ကိုလှမျိုးမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ လှဘူရီမြို့ အုန်းသီးစက်ရုံတွင်  အလုပ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ အုန်းသီးစက်ရုံမှ အလုပ်ထွက်မည့် […]