မဟာချိုင်တွင် သင်္ကြန်ရေကစားရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ ပုလောဒေသခံတစ်ဦး သေဆုံး
Dawei Watch
April 14, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် သင်္ကြန်ကာလ ရေကစားနေရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ရာမှ ပုလောဒေသခံ ၁ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ ယနေ့ (ဧပြီ ၁၄) ညနေ ၃ နာရီခန့်တွင် ဝီလ ၁၇ လမ်းထဲ ရေကစားနေရင်း ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။ “သင်္ကြန်ဆိုတော့ဗျာ အချင်းချင်း သနပ်ခါးတွေ လိမ်းကြတာ ရှိမှာပေါ့။ အဲဒါကနေစပြီး ရန်ဖြစ်သွားကြတာဗျ” ဟု အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုနေလင်းသူက ဆိုသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် ကိုဇေယျာကျော်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပုလော၊ ပလောက်ဒေသခံတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရေကစားနေရင်း အချင်းချင်း စကားများခဲ့စဉ် ကိုဇေယျာကျော်က ထွက်ပြေးခဲ့သော်လည်း တစ်ဖက်မြန်မာနိုင်ငံသားအုပ်စုက လိုက်လာပြီး တစ်ဦးက ဓါးဖြင့် […]