BREAKING
September 7, 2024

တွေ့ဆုံခန်း

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဘာတွေကြုံရနိုင်လဲ

diz_admin

March 31, 2022

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို  နည်းလမ်းမျိုးစုံနဲ့ သွားရောက်နေကြရပါတယ်။ တရားမဝင်လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေ ဘာတွေကြုံတွေ့နေကြရပါသလဲ…မဖြစ်မနေ သွားရောက်ရတောမယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ….ဘာတွေသတိထားရမလဲ……. အဲဒီအကြောင်းတွေကို Dawei Watch က မေးမြန်းတင်ဆက်လိုက်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

သဘာ၀ပတ်ဝန်းကျင် အဖြစ်အပျက်များ မှတ်တမ်းတင်နိုင်မယ့် ပရောဂျက် ရုက္ခစိုး

diz_admin

March 28, 2022

ကိုယ့်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါလား၊ သဘာ၀ ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ ဘယ်လို တိုင်ရမလဲဆိုတာ ပရောဂျက် ရုက္ခစိုးက တာဝန်ရှိသူနဲ့ တွေဆုံမေးမြန်း ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

လမ်းပျောက် တနင်္သာရီ စိုက်ပျိုးရေး

diz_admin

November 17, 2020

တနင်္သာရီတိုင်းမှာ စင်ကာပူနိုင်ငံထက် အဆ ၆၀ ကျယ်တဲ့ မြေရှိပါတယ်။ အဲဒီမှာမှ ကာကွယ်တောနဲ့ မစိုက်ပျိုးနိုင်တဲ့ မြေပြီးရင် လူအများ လုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးမြေက အများဆုံးပါ။ စုစုပေါင်း မြေဧရိယာရဲ့ ၁၀ ပုံတစ်ပုံကို စိုက်ပျိုးမြေအဖြစ် ရှိပါတယ်။ တနင်္သာရီတိုင်းမှာ စိုက်ပျိုးမြေဧရိယာချည်းပဲ စင်ကာပူနိုင်ငံရဲ့ ၆ ဆ ကျယ်ဝန်းပါတယ်။ တနင်္သာရီတိုင်းရဲ့ စိုက်ပျိုးမြေတွေမှာ ဆီအုန်းက အများဆုံးပါ။ နောက်ပြီး ရာဘာနဲ့ စပါးက ဒုတိယနဲ့ တတိယ အသီးသီးလိုက်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဟာ အစိုးရ အဆက်ဆက် ဆောင်ပုဒ်တွေ အများကြီးအောက်မှာ ပိနေကြတယ်။ ဥပမာ တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံရဲ့ ဆီအိုးကြီး ဖြစ်ရမယ်ဆိုတာမျိုးပေါ့။ ပြီးရင် ရွှေဖြူဆိုပြီး စိုက်လိုက်တဲ့ ရာဘာတောတွေ တနင်္သာရီတိုင်းမှာ ဒုတိယ စိုက်ပျိုးမြေအများဆုံး […]

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဝင်ပြိုင်မဲ့ ဦးနေမင်း

diz_admin

October 17, 2020

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဝင်ပြိုင်မဲ့ ဦးနေမင်းတနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဝင်ပြိုင်မဲ့ ဦးနေမင်း ဖြစ်ပါတယ်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

ရွေးကောက်ပွဲ ခြေရာ – ကမ်းခြေတွေကို ဘယ်သူပိုင်လဲ

diz_admin

October 15, 2020

ကမ်းခြေတွေ၊ ကျွန်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ တနင်္သာရီတိုင်း၊ ကမ်းခြေတွေကို အများပြည်သူနေရာ၊ ရေလုပ်သားတွေ မှီခိုစားသောက်တဲ့ နေရာ၊ စီးပွားရေး လုပ်ငန်းတွေအတွက်နေရာ။ ဘယ်သူ့အတွက် ဖြစ်သင့်လဲ။ အငြင်းပွားမှုတွေအကြား ဘယ်လို ဖြေရှင်းကြမလဲ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကကော ဘယ်လို လုပ်နိုင်လဲ။ ဒီတစ်ခေါက် ရွေးကောက်ပွဲ ခြေရာ စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်ပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက်

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်တိုင်းရင်းသားများပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက် ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။